အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
7
လွန်ခဲ့သော ၁ နှစ် က · ဝါးခယ်မ

စပါးက အဲ့ဒီပုံထဲကအတိုင်းဖြစ်နေတယ်

ပိုးမွှားရောဂါ စပါး စပါးရွက်ညိုပြောက်ရောဂါ
Post image

ဖြေကြားချက် ၃ ခု

348,301 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရောဂါကင်းသော စိုက်ခင်းမှမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးရန်နှင့် ရောဂါကျ ပင်ကြွင်းပင်ကန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ ၊ဓါတ်မြေသြဇာ ၊အနည်းလိုအာဟာရဓါတ်များကို အချိုးညီညီသုံးစွဲပါ။ နိုက်ထရိုဂျင်မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုက်ရှ်နှင့်တီစူပါကိုတွဲထည့်ပါ။ ခံနိုင်ရည်ရှိသော စပါးမျိုးကိုရွေးချယ်စိုက်ပါ။ရောဂါကျစိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။စပါးစိုက်မြေကို မြေဆီသြဇာတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သောစိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပါ။စိုက်ခင်းရေငတ်ခြင်းမရှိအောင်ဂရုစိုက်ပါ။

118 လွန်ခဲ့သော ၁ နှစ် က

ဆေးပြင်းဆေးပျော့ဆိုတာဘာကိုကြည့်ပျေားတလဲဖြေဗပပါအုံး

348,301 လွန်ခဲ့သော ၁ နှစ် က

စပါးရွက်ညိုပြောက်မှိုရောဂါကျနေတာဖြစ်ပါတယ်၊ Propiconazole, Tricyclazole, Carbendazim ဆေးတစ်မျိုးမျိုးကို၇- ၁၀ရက်ခြားဖျန်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။