နွေစပါးရောဂါတွေအရမ်းများနေတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၅၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အသင့်တင့် နေသာ
စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်းဆောင်ရွက်ပေးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်ဗျ
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ Bacterial leaf blight ပါဗျ Copperoxychloride+Bismerthiazol ဖျန်းပက်ပေးပါဗျ
ဆက်စပ်မေးခွန်းများ
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကို copper hydrochloride နှုန်းမြင့်ဖျန်းထားတာ 5ရက်ရှိပြီ သိသာမှုနည်းလို့ ဘာ...
ဖြေကြားချက် 1 ခု
ဆရာတို့ရယ်စပါပင်ကအရွက်တွေခြောက်ပြီသေကုန်လို
ဖြေကြားချက် 2 ခု
နီတိုနဲ့ဘက်တီးရီးယားရွက်ခြောက်ရဲ့လက္ခဏာတေရဒ့ကွာခြားချက်ကိုသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ဘာရောဂါလက္ခဏာလဲဗျ။
ဖြေကြားချက် 2 ခု
စပါး ပင် ဘာဖြစ်တာလဲ ဂုတ်ကျုိးေရာဂါလို့ပြောလို့ ထရုိင်ကိုနာဇီုးဖြန်းထားပါတယ် ပိုဆိုးလာလို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။