အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
521
လွန်ခဲ့သော ၁ နှစ် က · သဲကုန်း

အခုလို လက်ရှိအသုံးများ​နေတဲ့Aiများမှတွဲမဖျန်းသင့်​သော​ဆေးAiများကို​တောင်သူများအကျိုးအတွက်သိနားလည်သူများ​ပြောပြ...

အခုလို လက်ရှိအသုံးများ​နေတဲ့Aiများမှတွဲမဖျန်းသင့်​သော​ဆေးAiများကို​တောင်သူများအကျိုးအတွက်သိနားလည်သူများ​ပြောပြ​ပေးကြပါခင်ဗျာ။

Post image
3

ဖြေကြားချက် ၃ ခု

754 လွန်ခဲ့သော ၁ နှစ် က

ဆေးစပ်တာတည့်မတည့်သိချင်ရင် ရေနို့ဆီဘူးတစ်လုံးကိုရေသန့်ဘူးထဲထည့်ကြည်ပါ ပိုးသတ်ဆေး20ccမိူသတ်ဆေး20ccရောကြည့်ပြီးမွှေပါ အနည်မထဘူး တစ်လွှာချင်းဖြစ်မနေဘူး အမြုတ်မထားဘူးဆိုရင် ဖြန်းသင်ပါတယ်

754 လွန်ခဲ့သော ၁ နှစ် က

အခုဆေး‌aiတွေက

348,957 လွန်ခဲ့သော ၁ နှစ် က

၁။ ထုံးကန့်ဆေးရည်(LimeSulphur)သည် - (၁) ကာဘာရိုင်(Carbaryl) ပိုးသတ်ဆေး၊ (၂) အယ်ဒီကပ် (Aldricard) ပိုးသတ်ဆေး၊ (၃) ကာဘိုဖျူရန် (Carbofuran) (၄) ကာဘိုဆာဖန်(Carbosulfan) ၊ (၅) ကာဘင်ဒါဇင် ( Carbendazim ) (၆) ကော့ပါးမှိုသတ်ဆေးများ (ဥပမာ။ ။ဘလူးရီးလ်၊ ချန်ပီယမ် ) (၇) ကလိုပိုင်ရီဖော့ (Chlorpyrifos) (၈) ဆိုက်ပါ မီသရင်း (Cypermethrin) (၉) ဒိုင်ကလိုဖော့ (Diclophos) (၁၀) အင်ဒိုဆာဖန် ( Endosulfan) (၁၁) ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin)ခေါ် ဖန်ဘီလီရိတ် (Fenevelerate) ဆေးများ (၁၂) ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) (၁၃) ကာဆူကာမိုင်စင်( Kasugamycin)ရောဂါသတ်ဆေး (၁၄) မာလာသီယွန် (Malathion) (၁၅) ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသော ဆေးများနှင့် တွဲမသုံးသင့်ပါ။ ၂။ ဘော်ဒိုဆေးရည်ကို အယ်ဒီကပ် (Aldricard) ခေါ်ပိုးသတ်ဆေး ၊ ကက်ပ်တန်(Captan) မှိုသတ်ဆေး၊ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate)ဆေးများ ၊ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး) ၊ ကာဆူကာမိုင်စင်( Kasugamycin) ရောဂါသတ်ဆေး ၊ မာလာသီယွန် (Malathion) ၊ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေး စသည်တို့နှင့်ရောမသုံးရ ။ ၃။ ကပ်ပတန်(Captan) မှိုသတ်ဆေးကို Parashoot စသော (Methyl Parathion) ဆေးများဖြင့် ရောမသုံးရ။ ၄။ ကျူပရိုမက် (Cupromax) cuproxat ခေါ်ကော့ပါးအောက်ဆီကလိုရိုက် (Copper oxychloride ) ကို အောက်ပါဆေးရည်များဖြင့် ရောမသုံးရ။ (က) သိုင်ရမ် (Thiron) (ခ) ဟိုမိုင်း (Homai) (ဂ) မာကြူရီပါသော ဓာတ်ပေါင်းဆေးများ (Mercury Compound) (ဃ) မင်ကိုဇတ် (Mancozeb) (င) မန်းနက် (Maneb) (စ) ဇီးနက် (Zined) (ဆ) ကိုဆိုက် (Kocide) ၅။ အီသနယ် ( Ethnal) မှည့်ဆေးကို မင်ကိုဇတ်(Mancozeb)၊မဲနက်(Maneb)၊ဇီးနက်(Zineb) စသော မှိုသတ်ဆေးများနှင့် ရောမသုံးရ။ ၆။ ဖီနိုက်ထရိုသိုင်ရင်(Fenitrothion)၊ဒန်နီတော(Danitol)၊ဆူမီစီဒင်(Sumicidin) ခေါ် ဖန်ဘီလီရိတ်( Fenevelerate) ဆေးများကို ကလိုရိုပါရီဖော့(Chloropyrifos)ပါသော ဆေးများဖြင့် တွဲမသုံးရ။ ၇။ ဖော့အီသိုင်း (Fosethyl) ဆေးကို ရွက်ဖြန်းမြေသြဇာရည်များနှင့် ရောမသုံးရ။ ၈။ ဂျပလင်းနစ် အက်စစ်( Gibbrellic acid) (အားဆေး)ကို ကလိုရင်းပါသော ပိုးသတ်ဆေးများနှင့် ရောမသုံးရ။ ၉။ ဂလိုင်ဖိုဆိတ်(Glyphosate) ပေါင်းသတ်ဆေးကို အခြား ပေါင်းသတ်ဆေးများနှင့် ရောမဖျန်းရ။ (ဂလိုင်ဖိုဆိတ်သည် ရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်သည်။) ၁၀။ ဂရေ့မို့ဝမ်း(Gramoxone )ပေါင်းသတ်ဆေးကို ရေဖျော်ဆေးမှုန့်များနှင့် ရောမဖျန်းရ ။ ၁၁။ ဖော့စဖမီဒွန် ( Phosphamidom) ကို ကော့ပါးအောက်ဆီကလိုရိုဒ်၊(Copper oxychloride) ၊ ကက်ပ်တန် (Captan) ၊ ဖောလ်ပက် (Folpet)စသော ဆေးများနှင့် ရောမသုံးရ။ ၁၂။ ပရိုပနေး( Propanil) ကို ရွက်ဖြန်းမြေသြဇာ ၊ ကာဘာမိတ် ( Carbamate)ဆေးများဖြင့် ရောမသုံးရ။ ၁၃။ ဟိုမိုင်း(Homai) ၊ လက်ဘီလီတိတ်(Labilite) ၊ တော့ပ်စင်(Topsin) မှိုသတ်ဆေးများကို ကော့ပါးပါသော အခြားမှိုသတ်ဆေးများ (ဥပမာ။ ။ ဘလူးရှီး (Blueshield)၊ ကိုဆိုက်(Kocide)၊ချန်ပီယမ်(Champion) စသော ဆေးများနှင့် ရောမသုံးရ။ ၁၄။ ကော့ပါးပါသော ဆေးများသည် ဘန်ဇီမီဒယ်ဇိုး( Bezimidazole) အုပ်စုဝင်ဆေများ ဖြစ်ကြသော ကာဘင်ဒါဇင်(Carbendazim)၊ ဘီနိုမိုင်း( Benomyl) စသော ဆေးများနှင့် ရောမသုံးရ။ ၁၅။(ဖစ်ပရိုနေးလ်+အဆီတာမီပရစ်ကိုအဘာမက်တင်နှင့်ရောစပ်၍မသုံးရ။‌ဆေးရည် ပျစ်ချွဲသည်) ၁၆။ Cartap Hydrochloride ကို Hexaconazoleမှိုဆေးနှင့်တွဲမဖျန်းရအပင်လောင်တတ်သည်။ Profenofos+Copperလောင်တတ်သည်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။