အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
275
လွန်ခဲ့သော ၁ နှစ် က · ဒိုက်ဦး

စပါးခင်းထဲ ဖြုတ်ပိုးရှိမရှိဘယ်လို ရှာရမလဲ၊ကင်းထောက်နည်းလေးရှိရင်မျှဝေပါ နှစ်တိုင်းနွေစပါးခင်းဖြုတ်ပိုးကျလို့ပါ...

စပါးခင်းထဲ ဖြုတ်ပိုးရှိမရှိဘယ်လို ရှာရမလဲ၊ကင်းထောက်နည်းလေးရှိရင်မျှဝေပါ နှစ်တိုင်းနွေစပါးခင်းဖြုတ်ပိုးကျလို့ပါ စပါး၂၀ရက်သား တော်ပီဒိုဖျန်းထားပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ စပါး ကင်းထောက်နည်းများ

ဖြေကြားချက် ၂ ခု

7,852 လွန်ခဲ့သော ၁ နှစ် က

ရေအမြဲမထားသင့် ရေပြောင်အောင်ထုတ်ပြီး၊ စိုတလှည့် ခြောက်တလှည့် ထားပါ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

စပါးခင် း၃၅ရက်သားကျော်၊ရေလှောင်ထားတဲ့အခင်းမှာ စတင်ကျရောက်တတ်ပါတယ်။ ကွင်းထဲဆင်းပြီး ထောင့်ဖြတ်လျောက်ပြီး ကောက်မြုံရဲ့ အပင်ခြေကို ပိုးရှာပါ။ ခြေလှမ်း၁၀လှမ်ူ၁မြုံစစ်ပါ။၁၀မြုံစစ်ပြီးရင်၊၁မြုံမှာတွေ့ရတဲ့ပိုးအကောင်ရေရပါမယ်။ပျမ်းမျှ၁၀ကောင်တွေ့ရင် ETLသတ်မှတ်ပြီး ဆေးဖျန်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။