အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၇ နှစ် က · ကလော

epigeal germination နဲ့. hypogeal germinatin ကိုခွဲခြားပြပေးပါဗျ

စိုက်ပျိုး ဗဟုသုတ ကြံ
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,963 လွန်ခဲ့သော ၇ နှစ် က

ဒီပုံလေးနဲ့ဆို ပိုရှင်းသွားမယ်ထင်ပါတယ်။

20,386 လွန်ခဲ့သော ၇ နှစ် က

အစေ့ပေါက်ခြင်း (Germination) အစေ့ပေါက်ခြင်း (Germination) ဆိုသည်မှာ( Embryo ) သန္ဓေသား တခု၏ အတွင်းပိုင်း အဆင့်လိုက် ပြောင်းလဲခြင်း ဖြစ်စဉ် တခုသာဖြစ်ပြီး နောက်ဆုံးရလာသည်မှာ အပင်လောင်းငယ် seedling တခုသာဖြစ်သည်။ Germination is a series of changes occurring in an embryo resulting in a seedling ( ဒီနေရာမှာ ဆရာပြောနေကြ စကားတခုကို ကိုးကားရလျှင် အစေ့ပေါက်ခြင်းသည် အမျိုးသမီး တယောက် ကိုယ်ဝန်ဆောင်သည့်ပမာဖြစ်သည်၊ မွေးဖွားလာမည့် အချိန်အထိ သန္ဓေသား သည် မရပ်မနား ပြောင်းလဲသည်မို့ “ ဖုံးမရဖိမရ” ဆိုသည့်စကားကို Biology သင့်သည့်ဆရာကြီးက ဥပမာ ပေးခဲ့သည်ကို မေ့မရခဲ့ပါ ) Method of Germination (အစေ့ပေါက်ခြင်း နည်းလမ်းများ) Most seeds germinate by either of two methods, epigeal and hypogeal. အစေ့အများစုသည် နည်းလမ်း ၂ သွယ်ထဲမှ တနည်းနည်းဖြင့် အစေ့ပေါက်ကြသည်။ ယင်းတို့မှာ မြေပေါ် အစေ့ပေါက်ခြင်းနှင့် မြေအောက် အစေ့ပေါက်ခြင်းတို့ဖြစ်သည်။ Epigeal germination (မြေပေါ်အစေ့ပေါက်ခြင်း) အခု သင်ခန်းစာမှာ မြေပေါ်အစေ့ပေါက်ခြင်း ဖြစ်ပြီး Epigeal germination လို့ခေါ်ပါသည်။ ဒီစကားစုလေးဟာ ဂရိ ဘာသာစကားစုက ဆင်းသက်လာသည် ။ Epi + Geal word ၂ ခု ပေါင်းစပ်ထားတာဖြစ်ပါတယ်။ Epi ရဲ အဓိပ္ပါယ်လေးက ἐπί epi = 'above',( အပေါ်ဖက်) ဖြစ်ပါတယ်။ geal ကတော့ γῆ gè = 'earth/ground' ( မြေကြီး ) လို့ အဓိပ္ပါယ်ရပါတယ်။ ၂ ခုပေါင်းလိုက်ရင် မြေပေါ် အစေ့ပေါက်ခြင်း (Epigeal germination) ဖြစ်လာပါတယ်။ ရုက္ခဗေဒ အခေါ်အရ အစေ့ပေါက်ခြင်းဟာ မြေကြီးပေါ်မှာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အကောင်းဆုံး ဥပမာ အနေဖြင့် Bean seeds (ပဲကြီးစေ့) ကိုပေးနိုင်ပါတယ် ။ Stages of epigeal germination ပထမဆုံး အဆင့် (First stage) a bean seed sown in moist soil, absorbs water, swells up and becomes soft. Moreover, the seed coat usually bursts at the micropylar end. ပဲကြီးစေ့ တစေ့ကို စွတ်စိုသော မြေကြီးထဲကိုစိုက်လိုက်ပါ၊ ထိုအခါ အစေ့မှ မြေကြီးထဲမှ ရေကိုစုတ်ယူပါလိပ့်မည်။ ရေဝင်ရောက်လာမှုကြောင့် အစေ့ ဖေါင်းပွလာပါ့မည်၊ နုညံ့လာလိမ့်မည်။ အပေါ်က ဖုံးအုပ်ထားသော အစေ့ခွံက ပုံမှန် အရွယ်အစားဖြစ်သော်လည်း ရေစုတ်ယူမှုကြောင့် အတွင်းထဲက အစေ့ရွက် ၂ ရွက်က သွေ့ခြောက်စဉ်ကထက် အရွယ်ကြီးလာမှာ သေခြာသည်။ ကြီးမားလာသော အစေ့ရွက် ၂ ခုကြောင့် အစေ့ခွံက အက်ကွဲလာရပါသည်။ ရှေ့ကပြောခဲ့သည်အတိုင်း အစေ့ခွံမှာ အပေါက်ငယ်တခုသာ ပါသည်။ ထိုနေရာမှာ သန္ဓေပေါက် micropyle နေရာဖြစ်သည်။ ပေါက်ကွဲထွက်ခြင်းကို အပေါက်ရှိသော သန္ဓေပေါက်နေရာကသာ အစဉ်အမြဲဖြစ်ပါလိမ့်မည်။ a bean seed sown in moist soil, absorbs water, swells up and becomes soft. Moreover, the seed coat usually bursts at the micropylar end. (ကျနော်စာသင်လျှင် အစဉ်လိုက် verbs တွေကို အထူး ဂရုစိုက်သည်…sow….absorb….swell…soft..burst…(စိုက် ..စုတ် ..ပြော့…ကွဲ) ကို ရယ်မောရင်း သင်တော့ ကလေးတွေမမေ့တော့ပါ။ ဒုတိယအဆင့် (second stage) The second stage may begin after two or three days. The embryo starts growing and the radicle pushes through the micropyle. Whatever the direction of the micropyle may be, the radicle turns and grows downwards to enter the soil. After the radicle anchors the seed in the soil, it begins its function of absorbing water and dissolved salts. အဆင့် ၂ သည် စိုက်ပျိုးပြီး ၂ ရက် သို့မဟုတ် ၃ ရက်ကြာမှာ စတင်သည်။ သန္ဓေသား embryo သည် ရေစတင်ရရှိလာလို့ စတင် ကြီးထွားစပြုလာပါသည်။ သန္ဓေသားလေး တွင်ရှိသော အမြစ်လောင်းလေး (radicle) သည် သန္ဓေပေါက်လေး (micropyle) ကိုဖြတ်ပြီး အပြင်ဖက်ကိုထွက်လာပါသည်။ ဒီနေရာမှာ ပဲကြီးစေ့ အနေအထားကို ကြည့်ရအောင် ပဲစေ့လေးသည် ပက်လက်လှန်ရင်လည်း နေခြင်နေမည်၊ မှောက်လျက်၊ ဒေါင်လိုက် လည်းဖြစ်ခြင်ဖြစ်မည်၊ သန္ဓေပေါက် ရှိရာ အရပ်သည် အောက်ဖက်၊ အပေါ်ဖက်၊ ဘေးဖက် အမျိုးမျိုးဖြစ်လို့နေမည်၊ အပေါက်သည် ဘယ်ဖက်ကို ဘဲ လှည့်နေပါစေ radicle ခေါ် အမြစ်လောင်းလေးကတော့ မြေကြီးရှိရာ အရပ် တည်နေရာကိုသိနေပါသည်။ မြေကြီးရှိရာ အရပ်ကို ကွေးညွှတ်ကာ အောက်ဖက်သို့ ဆင်းသွားခြင်း ကို (geotropism) ဟုခေါ်ပါသည်၊ ဒီ အချက်က အမြစ်များ မြေကြိုက်ခြင်းကို ပြသနေပါသည်၊ ကမ္ဘာမြေဆွဲအားကြောင့်လည်းဖြစ်ပါသည်။ အမြစ်လောင်းလေးက မြေကြီးထဲရောက်သည်နှင့် ကုတ်တွယ်မှုကို စတင်ပါသည်။ ပြီးသည်နှင့် သူ၏ တာဝန်ဖြစ်သော ရေ နှင့် ဓါတ်ဆားပျော်ရေ များကို စတင်စုတ်ယူပါသည်။ တတိယအဆင့် (the third stage) In the third stage, the hypocotyl elongates markedly. Rapid elongation of the hypocotyl results in a loop above the ground since it is attached to the cotyledons and plumule at one end and to the radicle at the other. By this time, the radicle has become firmly established as a taproot with the development of many lateral roots. Those portions of the cotyledons and hypocotyl, which become exposed to sunlight, turn green due to the formation of chlorophyll. အဆင့် ၃ သည် အနဲငယ်ရှုတ်ထွေးသည်။ အစေ့ရွက်အောက်တံ (Hypocotyl) ဆိုသည်မှာ တဖက်က (radicle) အမြစ်လောင်း ၊ တဖက်က အစေ့ရွက် ၂ ခု (two cotyledons) ကြားက ဆလင်ဒါပုံ အင်္ဂါတခုသာဖြစ်သည်။ တတိယ အဆင့်တွင့် အစေ့ရွက်အောက်တန်သည် သိသိသာသာ ရှည်ထွက်လာသည်။ လျှင်မြန်စွာ ရှည်ထွက်ခြင်းကြောင့် မြေပေါ်တွင် (loop) ခေါ်သည့် ကွင်းငယ်တခုဖြစ်လာရတော့သည်။ ယခုဖြစ်လာသော loop လေး၏ တဖက်တွင် (radicle) ရှိနေပြီး ကျန်သော တဖက်တွင် အစေ့ရွက်နှင့် အညွန့်လောင်း (the cotyledons and plumule) ရှိနေပါသည်။ တတိယ အဆင့်တွင် အမြစ်လောင်းလေးက ရေသောက်မြစ် ခေါ်သည့် (tap root) အဖြစ် ပြုပြင် ပြောင်းလဲ တည်ထောင်လာရုံသာမက များပြား လှသည့် ဘေးမြစ်များ (lateral roots) ပါ ပိုင်ဆိုင်လာပြီး အပင်ကို မြေဆီလွှာထဲမှာ မြဲမြန်စွာ ကုတ်တွယ်ရင်း ယိုင်လဲခြင်းမဖြစ်အောင် အထောက်အကန်ပေးပါတော့သည်။ တတိယ အဆင့် သည် အဆင့်အားလုံးထဲတွင် အလွန်အရေးပါပါသည်။ မြေကြီးထဲတွင် နစ်မြုတ်နေသည့် အစေ့ရွက် နှင့် အစေ့ရွက် အောက်တံသည် ပထမဦးဆုံး နေရောင်ခြည် နှင့် စတင် ထိတွေ့ရသော အချိန်လည်းဖြစ်သည်။ မြေကြီးထဲမှာရှိစဉ်က အစေ့ရွက်များ (cotyledons) နှင့် အစေ့ရွက် အောက်တန် (hypocotyl) သည် အဖြူရောင်ဖြစ်သည်၊ နေရောင်နှင့် စတင် ထိတွေ့သည်နှင့် ထို အင်္ဂါများသည် တဖြည်းဖြည်း အစိမ်းရောင်ကို ပြောင်းလဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလိုရိုဖီးလ် (chlorophyll) ခေါ်သည့် အစိမ်းရောင် ရောင်ခြယ် (green Pigments) များ ဖွဲ့စည်းလာရသောကြောင့်ဖြစ်သည်။ ( ဒီနေရာမှာ သတိထားစရာက ပဲကြီးစေ့၏ အစေ့ရွက် cotyledons ထဲမှာ စေ့တွင်းစာ (Endosperm) က များများစားစားမပါရှိပါဘူး၊ ကြီးထွားစ အပင်လောင်းလေး (growing embryo) စားသုံးရန် အတွက် လိုအပ်သော အဟာရ ရဖို့ဆိုလျှင် ရှိနေတဲ့ အဟာရနဲ့ မလောက်ငပါဘူး ၊ ဒါ့ကြောင့် အစေ့ရွက်တွေက ဘဝပြောင်းပြီး ကိုယ်တိုင် အလင်းမှီစုအစာဖွဲ့စည်းခြင်းကို မဖြစ်မနေဆောင်ရွက်ကြရမှာပါ၊ ဒါ့ကြောင့် အဖြူရောင် hypocotyl နဲ့ Cotyledons တွေဟာ နေရောင်ခြည်အောက်မှာ (Photosynthesis) ခေါ် အလင်းမှီစုဖွဲ့စည်းနိုင်ဖို့ စိမ်းလာရခြင်း ဖြစ်ကြောင်း ကလေးကိုရှင်းပြရမှာပါ၊ နေရောင်အောက်မှာ Photosynthesis ပြုလုပ်ဆောင်ရွက်ရင်း အပင်လောင်းလေး အတွက် လိုအပ်သော glucose sugar များကို တဖက်တလမ်းကနေ ရယူဆောင်ရွက် လာပါတော့တယ်။ ဒီဖြစ်စဉ်မှာ…. 1. ****hypocotyl to loop, 2. ****Radicle to tap root with many lateral roots, 3. *** Cotyledons and hypocotyl…change .to green organs အဆင့် ၃ ဆင့်က အဓိကဖြစ်ပွားခဲ့တာပါ၊ သေခြာရှင်းပြဖို့လိုပါတယ်၊ Stage 4 ကို ဆက်လက်ဆွေးနွေးပါ့မည်… (Text ထဲက အတိုင်းမဟုတ်ပါဘဲ Biology သင်ခါစ ဆရာလေးများ အတွက်ရေးရသည်မို့ ဘာသာပြန်မှု လိုအပ်ချက်များရှိနေမှာပါ၊ အဓိကကတော့ ဘာကြောင့် ဘယ်လိုဖြစ်ရသည်ကို သိစေခြင်ပါတယ်၊ မှားနေသော အချက်များ လိုအပ်ချက်များ တွေ့ခဲ့လျှင် ဝိုင်းဝန်းဆွေးနွေးပြင်ဆင် ပေးပါရန်) သက်နိုင်ဦး မုံရွာတက္ကသိုလ် ( ၂၅.၇.၂၀၁၇)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။