ဖြေကြားချက် ၁ ခု
စပါးမှိုသီးရောဂါမဟုတ်ပါဘူးခင်ဗျာ စပါးရွက်ညိုပျောက်ရောဂါဆိုးရွားစွာကျလို့ အနှံစေ့အထိပါရောဂါကျရောက်သွားတာပါဗျာ ရောဂါပိုးအမည် ‒ စပါးရွက်ညိုပြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Drechsleraoryzae ကာကွယ်နှိမ်နှင်းနည်း ရောဂါကင်းသော စိုက်ခင်းမှမျိုးစေ့ကို ရွေးချယ်စိုက်ပျိုးရန်နှင့် ရောဂါကျ ပင်ကြွင်းပင်ကန်များနှင့် အခြားပေါင်းပင်များကို မီးရှို့ဖျက်ဆီးပစ်ပါ။ ကျန်းမာသန်စွမ်းသော စပါးခင်းဖြစ်အောင် သဘာဝမြေသြဇာ ၊ဓါတ်မြေသြဇာ ၊အနည်းလိုအာဟာရဓါတ်များကို အချိုးညီညီသုံးစွဲပါ။ နိုက်ထရိုဂျင်မြေသြဇာထည့်သော အကြိမ်တိုင်းတွင် ပိုက်ရှ်နှင့်တီစူပါကိုတွဲထည့်ပါ။ ခံနိုင်ရည်ရှိသော စပါးမျိုးကိုရွေးချယ်စိုက်ပါ။ရောဂါကျစိုက်ခင်းကို ဖြတ်၍ ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။စပါးစိုက်မြေကို မြေဆီသြဇာတိုးတက်ကောင်းမွန်လာအောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရေသွင်းရေထုတ်မှန်မှန် ပြုလုပ်ပေးခြင်း၊ စိုက်ခင်းသန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သောစိုက်ချိန်ကို ချိန်ဆ၍ စိုက်ပျိုးခြင်းစသော စိုက်ပျိုးနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ပါ။ အောက်ပါ မှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) (ခ ) Tricyclazole (ထရိုင်ဆိုက်ကလာဇိုး) (ဂ ) Thiophanate methyl + Thiram (သိုင်အိုဖာနိတ်မီသိုင်း+သိုင်ရမ်) (ဃ) Chlorothalonil (ကလိုရိုသာလိုနေး) (င ) Carbendazim (ကာဗန်ဒါဇင်)
ဆက်စပ်မေးခွန်းများ
စပါးဂုတ်ကျိုးနှင့် ရွက်ညိုပြောက်အတွက် သင့်တော်တဲ့ ဆေးလေးသိချင်ပါတယ်ဗျ
ဖြေကြားချက် 2 ခု
ရက်၉၀ဆယ်စပါး၅၄ရက်သားစဖုံးနေပါပီ။ပုံ၂မှာဘာများဖစ်တာလဲအကြံပေးကြပါအုံးခဗျ။ကျေးဇူးပါ
ဖြေကြားချက် 3 ခု
စပါးက အဲ့ဒီပုံထဲကအတိုင်းဖြစ်နေတယ်
ဖြေကြားချက် 3 ခု
ရောဂါနဲ့ကုသဆေးညွှန်ပေးပါအုံးဆရာနောက်ဆုံးမြေဆီကြွေးခါနီးပါဆရာ
ဖြေကြားချက် 1 ခု
ရက်၉၀စပါးပါဘာဖြစ်တာလဲသိချင်သလိုဘာဆေးသုံးရမှာလဲဆရာတိူ့ အသက်ရက်က၃၃ရက်ပါ
ဖြေကြားချက် 1 ခု