အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
483
လွန်ခဲ့သော ၁ နှစ် က

ချဥ်ပေါင်အရွက်လေးတွေ ပုံထဲကအတိုင်းဖြစ်နေလို့ ဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကုစား ရမလဲ အကြံပြုပေးကြပါ အားကိုးပါရစေ ဆ...

ချဥ်ပေါင်အရွက်လေးတွေ ပုံထဲကအတိုင်းဖြစ်နေလို့ ဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကုစား ရမလဲ အကြံပြုပေးကြပါ အားကိုးပါရစေ ဆရာအပေါင်းတို့ ခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ နှစ် က

အဝါရောင် မိုဇိတ်ဗိုင်းရပ်ရောဂါ လို့ခေါ်ပါတယ်။ ရောဂါရပြီးသော အခြားအပင်တွေကတဆင့် ကူးစက်ပါတယ်။ ပျ,ဖြုတ်စိမ်း,ယင်ဖြူ,မွှား,စသဖြင့် စုပ်စားပိုးတွေကတဆင့်လည်း ရောဂါသယ်ဆောင်ပါတယ်။ အထူးသဖြင့် ငလျင်လှုပ်ပြီးနောက်ပိုင်း,အပင်လေးတွေ အခုလိုရောဂါပျံ့နှံ့မှုများလာပါတယ်။ ကုသလိူ့မရပါဘူး။ရောဂါရအရွက်တွေကို ခူးယူလွှင့်ပစ်ပါ။ပြာကိုရေစိမ်ပြီး အပေါ်ယံရေကြည်ဖျန်းပေးပါ။

1 လွန်ခဲ့သော ၁ နှစ် က

ရုံးပတီမှာကျတဲ့ အဝါရောင်မိုစိပ်နဲ့ တူတယ်ဗျ။ ကုလို့မရဘူး။ ဖြစ်နေတဲ့အကင်တွေကို နှုတ်ပစ်။ လှေး၊ ပျ၊ ယင်ဖြူမလာအောင် လုပ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။