အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,784
လွန်ခဲ့သော ၇ နှစ် က · တံတားဦး

မွန်ဘားသားမြက်မျိုးစိုက်နည်းစနှစ်သိချင်လို့ပါစပါးအခြောက်ချသလိုခြထွန်နဲ့ချရလားစိုက်ပီးရင်ဘယ်နှရက်လောက်နေမအပင်...

မွန်ဘားသားမြက်မျိုးစိုက်နည်းစနှစ်သိချင်လို့ပါစပါးအခြောက်ချသလိုခြထွန်နဲ့ချရလားစိုက်ပီးရင်ဘယ်နှရက်လောက်နေမအပင်ပေါက်လည်းစိုက်တဲ့သူများရှိရင်မျှဝေပါ

စိုက်ပျိုး ရေ မြက်
4

ဖြေကြားချက် ၄ ခု

872 လွန်ခဲ့သော ၇ နှစ် က

ဖြေကြားပေးတာကျေးဇူးဗျ။သုတအများရပါတယ်။

2,784 လွန်ခဲ့သော ၇ နှစ် က

အကွက်ထဲအခြောက်ချရင်ပေါက်လားခဗျာ၁၅ရက်နေမအပင်ပေါက်တာဆိုတော့မြေကြီးအဲ့ချိန်ခြောက်သွားမှအပင်မပေါက်မှာစိုးလို့

2,784 လွန်ခဲ့သော ၇ နှစ် က

အစမ်းပျိုးထားတာ၁၅ရက်လောက်မအပင်ပေါက်တာ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၇ နှစ် က

မွန်ဘားဆားမြက် ( Panicum maximumcvMombaca ) “Mombaca guinea” ရိတ်သိမ်းကျွေးရာတွင်လည်းကောင်း၊ လွှတ်ကျောင်း စားကျက်အဖြစ်လည်းကောင်း စိုက်ပျိုးနိုင်သော နှစ်ရှည်ခံပင်ဖြစ်သည်။ အရိပ်ကောင်းသောနေရာများ၌ ရှင်သန်နိုင်သည်။ မြေသြဇာကောင်းမွန်ပြီး စိုစွတ်၍ ရေရရှိသောနေရာများတွင် စိုက်ပျိုးသင့်သည်။ ထိုသို့သောမြေများ၌ စိုက်ပျိုးလျှင် အပင်ဖြစ်နှုန်းကောင်းပြီး ထွက်နှုန်း ကောင်းသည်။ အက်စစ်ဆန်သောမြေများနှင့် အရိပ်ကောင်းသော နေရာများ၌လည်း ရှင်သန်နိုင်သည်။ မြေ၏ချဉ်ဖန်ဓာတ် (၄.၅-၈) တွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေဝပ်သောမြေများနှင့် ဆားဆန်သောမြေများတွင် စိုက်ပျိုးရန်မသင့်တော်ပေ။ ပျိုးခင်းမှ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မြက်ပင်များကို (၁၆) လက်မ ခြား၍ စိုက်ပျိုး နိုင်သည်။ အခြားမြက်မျိုး၊ ပဲမျိုးများနှင့်လည်း ရောနှောစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးမြက်ပင်များကို (၃-၄) ပတ်ခြား ရိတ်သိမ်း သယ်ယူကျွေးမွေးနိုင်သည်။ အရသာကောင်းမွန်ပြီး အာဟာရကြွယ်ဝစွာပါဝင်သည်။ အင်အားဓာတ် (၈.၅) ရာခိုင်နှုန်းနှင့် အသားဓာတ် (၁၀-၁၈) ရာခိုင်နှုန်းပါဝင်သည်။ တစ်ဧကမှ တစ်နှစ်လျှင် အစာစိမ်းအစို (၁၀၀-၁၅၀)တန် ထွက်ရှိနိုင်သည်။ ရိတ်သိမ်းချိန်ရှိ အပင်၏အသက်အရွယ်၊ ရာသီဥတု၊ ရေနှင့် မြေသြဇာပေးနိုင်မှုတို့ပေါ်မူတည်၍ အင်အားဓာတ်၊ အသားဓာတ်ပါဝင်မှုနှင့် ထွက်နှုန်းကွာခြားနိုင်သည်။ ထုတ်လုပ်မှု ကောင်းသောရာသီတွင် မြက်ခြောက်ပြုလုပ်ခြင်းနှင့် ချဉ်ဖတ်ပြုလုပ် သိမ်းဆည်းကာ အစားရှားပါးချိန်တွင် အာဟာရပြည့်ဝသောအစာအဖြစ် အသုံးပြုနိုင်သည်။ နေပီယာမြက်ထက် အရွက်ထွက်နှုန်းကောင်းခြင်း၊ ခြောက်သွေ့မှုခံနိုင်ခြင်း၊ အာဟာရပိုမိုခြင်းစသည်တို့အပြင် မျိုးစေ့ကောက်ယူ စိုက်ပျိုးနိုင်သည်။ Source - မြန်မာ_နယူးဇီလန် ကောင်းမွန်သော နို့စားနွားမေွးမြူရေး စီမံကိန်

You

ဆက်စပ်မေးခွန်းများ

ဆေးရွက်ကြီးမှာကျတတ်သော ပိုးမွှားနဲ့သူ့လက္ခဏာတွေနှင့် ကျတတ်သောရောဂါအပြင် ကာကွယ်ကုသနည်းများ ကူညီပေးကြပါဦးခင်မျ

ဖြေကြားချက် 2 ခု

ငါးကြီးအန်ဖက်ခင်းဘာဖြစ်တာလည်းခင်ဗျ အားဆေးဖြန်တာများလို့လား

ဖြေကြားချက် 4 ခု

တီကျစ်မြေသြဇာ ရချင်ပါတယ် မန်းလေးဘယ်မှာရနိင်ပါသလဲခင်ဗျာ အပင်စိုက်ဖို့ကောင်းမွန်စွာရောစပ်ထားတဲ့မြေဆွေး ရချင်ပါ...

ဖြေကြားချက် 0 ခု

နေဗီယာမြက်မျိုးဟင်္သာတမြို့မှာရနိုင်တဲ့နေရာလဲလမ်းညွှန်ပေးပါ

ဖြေကြားချက် 1 ခု

ဆိတ်မွေးဖို့အတွက် နေဗီယာမြက် နဲ့ မွန်ဘာဆား မြက် ဘယ်မြက်စိုက်ရင် ပိုအဆင်ပြေမလဲ ဧရာဝတီတိုင်း မှာစိုက်မှာ ဖြစ်ပါ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။