အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ရွှေပြည်သာ

ဘူး ဖရုံ သခွားတေမှာ အရွက်စားတဲ့ ကျိုင်းကောင်လေးတေ များနေလို့ပါ ဓာတု ပိုးသတ်ဆေး မသုံးဘဲ ဘယ်လိုဖြေရှင်းလို့ရမလဲ...

ဘူး ဖရုံ သခွားတေမှာ အရွက်စားတဲ့ ကျိုင်းကောင်လေးတေ များနေလို့ပါ ဓာတု ပိုးသတ်ဆေး မသုံးဘဲ ဘယ်လိုဖြေရှင်းလို့ရမလဲ သိချင်ပါတယ်

ပိုးမွှားရောဂါ ကျောက်ဖရုံသီး ဘူး/ဖရုံကျိုင်း
Post image
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၁ နှစ် က

ဖျက်ပိုးဆိုးရွားစွာကျရောက်နေချိန်မှာတော့ ပိုးသတ်ဆေးအသုံးပြုသင့်ပါတယ်ခင်ဗျ။ Lambda cyhalotharin,deltamethrin တစ်မျိုးမျိုးပက်ဖျန်းပေးပါ။

348,307 လွန်ခဲ့သော ၁ နှစ် က

စားဖိုပြာတစ်ခွက် (၂၅ဝ မီလီလီတာ)၊ သံပုရာရည်တစ်ခွက် (၂၅၀ မီလီလီတာ) တို့ကို ရေ (၁ဝ) လီတာတွင် ရောမွှေသမြ ပီး ပြာမှုန့်များ အနည်ကျသည်အထိထားပါ။ ထို့နောက် ပိတ် စိမ်းပါးဖြင့် စစ်ချကာ စစ်ကျရည်ကို ပက်ဖျန်းပါ။ (သို့မဟုတ်) 'လတ်ဆတ်သော သြဇာရွက် (၂) ကီလိုဂရမ်ခွဲကို ခုတ်စင်း ၍ ရေ (၄) ဂါလံခွဲတွင် ထည့်၍ ပြုတ်ပေးပါ။ ရေ ဝ.၂၅ ဂါလံ ကျန်သည်အထိ ပြုတ်ပေးရပါမည်။ ထို့နောက် ပိတ်စိမ်းပါးဖြ င့် စစ်ချ၍ ညှစ်ယူကာ ရေ (၁၄) ဂါလန်ဖြင့် ရောစပ်ပက်ဖျန်း ပါ။ ဆောင်းခိုနေသောအရွယ်ရောက်ကောင်များကို ဖျက်ဆီးပစ် ရန် အသီးခူးဆွတ်ပြီးသည်နှင့် စိုက်ခင်းကိုထယ်ထိုးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။