အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
585
လွန်ခဲ့သော ၁ နှစ် က

ဆရာတို့ ပုံလေးကြည့်ပြီး အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ခရမ်းချဉ်ပင် အပင်ကောင်းပြီး အသီးတင် အရမ်းနည်းနေလို့ပါ။ ဘာတွေ...

ဆရာတို့ ပုံလေးကြည့်ပြီး အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ခရမ်းချဉ်ပင် အပင်ကောင်းပြီး အသီးတင် အရမ်းနည်းနေလို့ပါ။ ဘာတွေ လိုအပ်ချက်ရှိလို့လဲ အကြံပေးပါဦး ဆရာတို့။ အသီးများများနဲ့ မြန်မြန် ဖြစ်ထွန်းချင်လို့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်🙏

အပင်အာဟာရ ခရမ်းချဉ် ခရမ်းချဉ်ပင် အသီးမတင်ခြင်း
Post image
Post image
Post image

ဖြေကြားချက် ၉ ခု

585 လွန်ခဲ့သော ၁ နှစ် က

ဆရာကို ကျေး‌ဇူးတင်ပါတယ် ဆရာတို့အားလုံး ကျန်းမာ၊ ချမ်းသာပါစေ🙏🙏🙏

347,803 လွန်ခဲ့သော ၁ နှစ် က

တလနှစ်ကြိမ်၊သုံးကြိမ်ထက်ပိုမသုံးပါနဲ့ဗျ၊ အုန်းရည်မှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ဆိုက်တိုကိုင်နင်များပါတာကြောင့် အပင်အတွက်အဆင်တော့ပြေနိုင်ပါတယ်ဗျ၊ အုန်းရည်သုတေသနအကြောင်းကအနည်းငယ်ရှိသေးတာကြောင့် ဆိုးကျိုးများလည်းရှိနိုင်တာမို့ အလွန်အကျွံတော့အသုံးမပြုစေချင်ပါဗျ

585 လွန်ခဲ့သော ၁ နှစ် က

အုန်းရည်ဖျန်းထားတယ် ဆရာ အဆင်ပြေလား ဆရာ

585 လွန်ခဲ့သော ၁ နှစ် က

ဟုတျ ဆရာ

347,803 လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ နိုက်ထရိုဖီနောဟော်မုန်းအားဆေးက အပင်ကိုလည်းအားပေးသလို ပန်းပွင့်ခြင်းကိုလည်းအားပေးပါတယ်ဗျ၊ ဒီအခြေအနေမှာတော့ P,Kအချိုးများအားဆေးနှင့် Boron ပါအား‌ဆေးဖျန်းကြည့်ပေးပါဗျ၊ ဖြစ်နိုင်ဆိုရင် Auxin, Cytokinin ပါတဲ့ဟော်မုန်းဆေးပါတဲ့ဟော်မုန်းဆေးတကြိမ်ညွှန်းချင်တာပါ ဝယ်ရခက်လို့ပါဗျ

585 လွန်ခဲ့သော ၁ နှစ် က

မရှင်းလို့မေးပါရစေ ဆရာ နိုက်ထရိုဖီနောဟော်မုန်းအားဆေးက အပင်ဘက် ပိုအားကောင်းစေနိုင်သလား

585 လွန်ခဲ့သော ၁ နှစ် က

ဟုတျ ဆရာ

347,803 လွန်ခဲ့သော ၁ နှစ် က

အပင်ဖြစ်အားကောင်းပြီးပန်းပွင့်နည်းရခြင်းစိုက်ခင်းကို ပြုစုရန်နည်းလမ်းများမှာ နိုက်ထရိုဂျင်ပုလဲမြေဩဇာလျှော့ကျွေးပါ။ Phosphorus သည်ပန်းပွင့်ခြင်းကိုအားပေးလို့ Phosphorusများများပါသောရွက်ဖျန်းအား‌ဆေး(သို့)မြေဩဇာကျွေးပေးပါ။ အသီးတင်အားကောင်းဖို့အတွက် Potassium ပါသောအားဆေး(သို့)မြေဩဇာကျွေးပေးပါ။ မြေဩဇာဥပမာ-(0-20-20) ပန်းပွင့်ခြင်းအားပေးသောဘိုရွန်ပါသောအားဆေးလည်းဖျန်းပေးနိုင်ပါတယ်။ နေရောင်ခြည်လုံလောက်စွာရရှိအောင်ဆောင်ရွက်ပေးပါ။ အလွန်အမင်းရေလောင်းခြင်းကို ရှောင်ကျဉ်ပါ။

347,803 လွန်ခဲ့သော ၁ နှစ် က

နိုက်ထရိုဖီနောလ်ဟော်မုန်းအားဆေးနှင့် P,Kအချိုးများအားဆေးဖျန်းပက်ပေးပါဗျ

You

ဆက်စပ်မေးခွန်းများ

ဆရာအပွင့်တွေ အသီးကင်းမပါပဲ ကန်းကုန်လို့ ဘာများမှားသွားလဲ ဆရာ ဖြဲ ကြည့်တော့လဲ ပွင့်သီးရှာ် တစ်ကြိမ် ထူးကောင်း...

ဖြေကြားချက် 1 ခု

အပွင့်ထဲမှာတော့ ပိုးရှိမနေဘူးဆရာ အပွင့်အပေါ်လေးတွေမှာတော့ တွေ့နေကျပိုးလေးတွေတွေ့ရပါတယ် မများပါဘူးခင်ဗျ မနေ့က...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်လေးတွေကြည့်ပေးပါအူးခင်ဗျ ဘာတွေလိုအပ်သေးလဲဆျာတို့ မက်တယ်လဇီး ဖျန်းပီး နှစ်ရက်ခြားမှာ ဟူးမစ် ရေဖျော်...

ဖြေကြားချက် 1 ခု

ဆရာကြီးခင်ဗျ ခရမ်းချဥ်စိုက်ဖို့ စိုက်ဘောင်တော့တင်ပြီးပါပြီ ခရမ်းချဥ် ရွှေ့စိုက်တဲ့အချိန်မှာ ကွန်ပေါင်း 15 ပတ်...

ဖြေကြားချက် 2 ခု

ဆရာကြီးခင်ဗျ ခရမ်းချဥ်နဲ့ပဲတိုင်ထောင်အတွက် အခုပုံပါ ပေါင်းသတ်ဆေးကို မြေပြင်နေတဲ့ချိန်မှာ အသုံးပြုလို့ရပါလားခင်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။