ဖြေကြားချက် ၃ ခု
☑ကာဗွန်(C)၊အောက်စီဂျင်(O)၊ဟိုက်ဒရိုဂျင်(H)☑ ကာဗွန်၊အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့သည့် အာဟာရများထဲတွင် အများဆုံးလိုအပ်သည့် အာဟာရများဖြစ်သည်။လေထဲရှိ ကာဗွန်ဒိုင်ဆိုက်ကို အပင်အရွက်အောက်မျက်နှာပြင်ရှိ လေရှူပေါက်ကလေးများဖြင့် စုပ်ယူပြီး အမြစ်က စုပ်ယူရရှိသည့် ရေ(ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်တို့ဖြင့် ပေါင်းစပ်ထားသော)နှင့် ပေါင်းစပ်ကာ နေရောင်ခြည်စွမ်အင်ကို အသုံးပြု၍ အစာချက်ခြင်းဖြစ်စဉ်ကို ဆောင်ရွက်ကြရသည်။ဤဖြစ်စဉ်ကို အလင်းမှီအစာချက်ခြင်းဖြစ်စဉ်(Photosynthesis) ဟု ခေါ်ဆိုပေသည်။ဤတွင် အပင်အတွက် သကြားဓာတ်၊ကဆီဓာတ်တို့ဖြစ်သော ကာဗွန်ဟိုက်ဒရိတ်ကို ရရှိပြီး ၎င်းသည် အပင်ဆဲလ်သစ်များကို ဖြစ်ပေါ်စေခြင်း၊ဆဲလ်ကွဲပွားမှုကို ဖြစ်ပေါ်စေခြင်းတို့ဖြင့် အပင်၏ အရွက်သစ်၊အကိုင်းသစ်၊အမြစ်သစ်များကို ဖြစ်ပေါ်စေကာ အပင်ကြီးထွားစေပါတော့သည်။ထို့ကြောင့် ထိုဓာတ်စဉ် (၃)များသည် အပင်ခန္ဓာဖွဲ့စည်းတည်ဆောက်ရာတွင် အလွန်အရေးပါပြီး များစွာလိုအပ်သည့် အတွက် ဖွဲ့စည်းပုံအရလိုအပ်သော ဓာတ်စင်များ(Structural Elelents)ဟုလည်း ခေါ်ဆိုကြပေသည်။အပင်တစ်ပင်ကို ကာဗွန်-၄၅ရာခိုင်နှုန်း၊အောက်စီဂျင်-၄၅ရာခိုင်နှုန်း၊ဟိုက်ထရိုဂျင်-၆ရာခိုင်နှုန်းခန့်ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ကျန်အာဟာရများမှာ ၄လောက်ပင်ရှိပေသည်။
မိုလစ်ဒီနန်(Mo) မိုလစ်ဒီနန်ဓာတ်သည် အပင်ကို ကျန်းမာသန်စွမ်းစေပြီး နိုင်ထရိုဂျင်ဓာတ်စုပ်ယူရာတွင် လည်းကောင်း၊အပင်မှ တိုက်ရိုက်စားသုံး၍မရသည့် နိုက်ထရိုဂျင်ဓာတ်ပုံစံများကို စုပ်ယူစားသုံးနိုင်စေရန်လည်းကောင်း ကူညီထောက်ပံ့ပေးပါသည်။အပင်အတွင်း လွယ်ကူစွာ ရွေ့လျားသွားလာမှု မပြုနိုင်သောကြောင့် ချို့တဲ့မှု ဖြစ်ပေါ်လာပါက အပင်ထိပ်ပိုင်းရှိ စိမ်းဝါရောင်အရာင် များမှ အဝါရောင်အရွက်များသို့ ပြောင်းလဲစေပါသည်။
ကိုဘော့(Co ) ကိုဘော့ဓာတ်သည် အင်ဇိုင်းတည်ဆောက်ခြင်းတွင် မရှိမဖြစ်လိုအပ်လှပြီး အပင်ကြီးထွားမှုနှင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်မဟုတ်တဲ့ P Kနှင့် အနည်းလို ဓာတ်မြေဩဇာတွေကရော အပင်ကိုပိုးမွှားရောဂါ ပိုမိုကျရောက်စေသလားဗျ။
ဖြေကြားချက် 1 ခု
ဆန်မှုန့် မှာ အပင်အတွက်ဘယ်လို အာဟာရ ဓာတ်ေတွရရှိနိုင်သလဲ
ဖြေကြားချက် 3 ခု
အများလိုအာဟာရ နဲ့ အနည်းလိုအာဟာအကြောင်းကို အသေးစိတ်လေး သိချင်လို့ပါ။
ဖြေကြားချက် 1 ခု
ကူညီပေးကြပါဗျ။မဂ္ဂနီဆီယမ်၊သံ၊ကယ်လ်ဆီယမ်၊ဆာလဖာ၊ပိုတက်ဆီယမ်၊နိုက်ထရိုဂျင်၊ဖော့စဖရပ်၊ဗိုရွန်၊ကော့ပါး၊မင်းဂနီစ်၊...
ဖြေကြားချက် 4 ခု
N P K အာဟာရ(၃)မျိုးအနက် ဘယ်တစ်ခုက kg အများဆုံးလိုအပ်ပြီး၊ ဘယ်တစ်ခုက အနည်းဆုံးလိုအပ်ပါသလဲဆရာ
ဖြေကြားချက် 1 ခု