ဘာရောဂါ ကျနေတာလဲသိချင်ပါတယ်ဗျ ဘာဆေးပက်သင့်လဲအကြံပေးကြပါဦးဆရာတို့ခဗျာ
ပြန်လည်ဖြေကြားပေးလို့ ကျေးဇူးပါဗျ
ရွက်လိပ်ပိုးကျတဲ့လက္ခဏာလည်းအနည်းငယ်တွေ့ရပါတယ်၊ဆိုးရွားစွာမကျရင်တော့ ပိုးသတ်ဆေးဖျန်းနှိမ်းနင်းစာရာမလိုသေးပါဘူးဗျ၊ အပင်ခြေမှာ ဖြုတ်ပိုးရှိမရှိသေချာစစ်ဆေးပါဦးဗျ
ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ Bismerthiazol Oxolinic Acidဆေးတမျိုးမျိုးကို ဖျန်းပက်ပေးပါ။
ဆက်စပ်မေးခွန်းများ
စပါးပင် 60ရက်သား လက်ရှိအခြေအနေက ရောဂါလား ပိုးလား အဟာရလိုလား ဖြေကြားပေးစေချင်ပါတယ်
ဖြေကြားချက် 1 ခု
ကုသဖို့နည်းလမ်းလေးမျှဝေးပေးပါခဗျ #(အချို့စပါးခင်းတွေမှာ အဖျားလေးတွေဝါလာရာမှတဆင့် ခြောက်လိုက်လာပြီး... တဖြည်း...
ဖြေကြားချက် 1 ခု
ပိုတက်ချို့တဲ့တာလား ဘက်တီးရီယားလား ခဗျ
ဖြေကြားချက် 2 ခု
ရက်90စပါးအရွက်ဖျားတေခြောက်နေလို့
ဖြေကြားချက် 3 ခု
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။