ဆရာပြောတဲ့အနည်းလိုအဟာရက အခုပြထားတဲ့ဆေးလားဗျ အဲ့ဆေးမှန်ရင်လဲ ဘယ်နှစ်ဇွန်းဖျန်းရမလဲဆျာ မနေ့ကတော့ အမိုင်နိုနဲ့...
ဆရာပြောတဲ့အနည်းလိုအဟာရက အခုပြထားတဲ့ဆေးလားဗျ အဲ့ဆေးမှန်ရင်လဲ ဘယ်နှစ်ဇွန်းဖျန်းရမလဲဆျာ မနေ့ကတော့ အမိုင်နိုနဲ့ ပွင့်သီးရှယ် ဖျန်းထားပါတယ်ဆရာ
ဆရာပြောတဲ့အနည်းလိုအဟာရက အခုပြထားတဲ့ဆေးလားဗျ အဲ့ဆေးမှန်ရင်လဲ ဘယ်နှစ်ဇွန်းဖျန်းရမလဲဆျာ မနေ့ကတော့ အမိုင်နိုနဲ့ ပွင့်သီးရှယ် ဖျန်းထားပါတယ်ဆရာ
ဦးကြီးရေ ဟိုနေ့ကသားတက်ဖဲ့နည်းနဲ့ပက်သက်ပြီးမပြည့်မစုံဖြစ်သွားလို့ အခုထပ်ဖြေကြားပေးလိုက်ပါတယ် သားတက်မဖဲ့ခင် ကိုယ်စိုက်ထားတဲ့မျိုးက ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရပါမယ်။ သားတက်ဖဲ့တာကိုတော့ တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေကတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။ သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပါတယ်။ အဲ့ဒီသားတက်ကိုမပယ်ရင် အပင်ရဲ့ အဓိကပန်းခိုင်တွေမှာ အသီးသေးတာ၊ အသီးအရေအတွက်နည်းတာ၊ အသီးရင့်မှည့်ချိန်နောက်ကျတာ၊ ပိုး/ရောဂါကျလွယ်တာ၊ ဆေးဖျန်းရခက်တာ စတာတွေကြုံရတတ်ပါတယ်။ သားတက်ထွက်တဲ့အချိန်ကတော့ ပထမဆုံးပန်းခိုင်စထွက်တဲ့အချိန်မှာ ပင်စည်ကနေ သားတက်တွေထပ်ထွက်ပါတယ်။ အဲ့အချိန်မှာ အဓိကဖဲ့ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ လေဝင်လေထွက်မကောင်းရင် အရွက်ညှပ်ပေးတာ၊ ထိပ်ဖြတ်တာ လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီလုပ်ငန်းစဥ်တွေအားလုံးကလည်း သားတက်ဖဲ့တဲ့အထဲမှာ ပါပါတယ်။
အပေါ်ကအဖြေကိုမရှင်းဘူးဖြစ်နေတာ နောက်၇ ရက်နေရင်အမိုင်နိုတစ်မျိုးပဲ ဖြန်းရမယ် အလိုလားဆရာ
ဟုတ်ကဲ့ပါဆရာခင်ဗျ ကျေးဇူးအထူးတင်ပါတယ်ဗျ
ဟုတ်ပါတယ်ဗျ၊ မနေ့ကမှဖျန်းထားတယ်ဆိုလည်း နောက်၇ရက်လောက်နေမှဖျန်းပါဗျအမိုင်နိုနှင့် အနည်းလိုအဟာရကိုပဲတွဲဖျန်းစေချင်ပါတယ်ဗျ၊ ပွင့်သီးရှယ်လို အချိုးများများပါတဲ့ဆေးတွေကို သီးသန့်ပဲဖျန်းစေချင်ပါတယ်ဗျ၊ ဆေးနှုန်းထားကတော့ အထုပ်မှာပါဝင်ပါတယ်ဗျ၊ အပငမအတွက် ဆေးဖိစီးမှုဒဏ်မခံရအောင်အမိုင်နိုအက်စစ်အားဆေးသီးသန့်ပဲဖျန်းလိုက်ပါတော့ဗျ၊ ဆေးတွေအရမ်းများနေတော့ အပင်ကခံနိုင်ရည်မရှိမှာစိုးလို့ပါဗျ
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ ခရမ်းဖြူ အပင်ကို ရွက်ဖျန်းမြေဩဇာဖျန်းရင် ဘယ်လိုအချိုးမျိုးကိုဖျန်းရမလဲ..သိချင်ပါတယ်
ဖြေကြားချက် 2 ခု
ခရမ်းချဉ် 1လခွဲကျော် အသီးပွင့်အားဆေး ဘာဖြန်းရင်ကောင်းမလဲဗျ
ဖြေကြားချက် 4 ခု
ခရမ်းချဉ် တလခွဲကျော် ရောဂါကူးစက်ခံရတဲ့ အရွက်တွေကိုက်ထုတ်ပီးအရွက်သိပ်မကျန်ေတာ့လို့ ပီဖိုလန်ရွက်ဖြန်းအားဆေးဖြန်း...
ဖြေကြားချက် 3 ခု
ခရမ်းချဉ်ကို စိုက်တဲ့အခါ မြေခံ(15) ပတ်လည်ထည့်ပြီး နောက်သက်တမ်းတစ်လျှာက်လုံး ရွက်ဖျန်းဆေးတွေနဲ့ဘဲ ဖျန်းရင် အပင်...
ဖြေကြားချက် 1 ခု
GA3 တို့ 24Dတို့ဆိုတာ ဘာနာမည်နဲ့ဆေးတေလဲ ခင်ဗျ မဝယ်တတ်လို့ပါဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။