ဖြေကြားချက် ၄ ခု
Pyraclostrobin မှိုသတ်ဆေး မှတ်စု Pyraclostrobin သည် မှိုရောဂါအမျိုးမျိုးကိုအလွန်ထိရောက်စွာနှိမ်နင်းနိုင်သော မှိုသတ်ဆေး တစ်မျိုးဖြစ်ပြီး ဓာတုပစ္စည်း strobilurin အမျိုးအစားမှာ ပါဝင်သည်။ ၎င်း၏လုပ်ဆောင်မှုပုံစံသည် အလွန်တိကျပြီး မှိုပိုးရောဂါပိုး၏ စွမ်းအင်ထုတ်လုပ်မှုကို နှောင့်ယှက်တိုက်ခိုက်ခြင်းဖြစ်သည်။ သုတေသနအချက်အလက်များအပေါ် အခြေခံ၍ pyraclostrobin သည် အက်စစ်ဓာတ်အနည်းငယ်သာရှိသော ရေတွင် အတည်ငြိမ်ဆုံးဖြစ်သည်။ လေ့လာမှုများစွာအရ pH 5.0 တွင် pyraclostrobin အတွက် အတည်ငြိမ်ဆုံးအခြေအနေအဖြစ် သတ်မှတ်ခဲ့သည်။ သုတေသနပြုချက်များအရ pyraclostrobin သည် pH 5.0 တွင် 23ရက်မှ-115 ရက်အထိ ဆေးသက်တမ်းတည်ရှိနိုင်သည်။US Environmental Protection Agency (EPA) မှ pyraclostrobin သည် "pH 5, 7, နှင့် 9 တွင်တည်ငြိမ်သည်" ဟုဖော်ပြထားသော်လည်း လေ့လာမှုအများစုက အက်စစ်ဓာတ်အခြေအနေများတွင်သာ ဆေးသက်တမ်းကြာရှည်နိုင်ကြောင်းဖော်ပြထားသည်။ pyraclostrobin သည် ရောဂါလက္ခဏာများမပေါ်မီ ကြိုတင်ကာကွယ်မှု သို့မဟုတ် ကာကွယ်ကုသရေးအဖြစ် အသုံးပြုသည့်အခါတွင် အထိရောက်ဆုံးဖြစ်ကြောင်း သုတေသနပြုချက်တွင် အမြဲမပြတ်ပြသထားသည်။ Pyraclostrobin သည် အပင်၏ အရွက်များမှ စုပ်ယူသော ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်တာကြောင့် အရွက်တွင်ကျရောက်သောရောဂါများကိုအထိရောက်ဆုံးဖြစ်စေရန် အရွက်မှ စုပ်ယူနိုင်စေရန် ၁-၄ နာရီ ခန့်သာကြာနိုင်ပါသည်။မြေကြီး သို့မဟုတ် အမြစ်ဇုန်ရှိ ရောဂါ(ဥပမာ၊ အမြစ်ပုပ်၊ ပင်စည်ပုပ်)ကို ကုသရန် pyraclostrobin ကို အသုံးပြုမည်ဆိုပါက အပင်ခြေဖျန်းပြီး ရေပါးပါးပြန်သွင်းပေးရန်လိုအပ်ပါသည်။ဆေးဖျန်းပြီး အနည်းဆုံး၂၄နာကီအတွင်း မိုးရွာသွန်းခြင်း မရှိပါမှ ဆေးအလေအလွင့်အဆုံးရှုံးနည်းပါမည်။
အထက်ပါ linkကတော့ Difenoconazole မှတ်စု ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ထားတဲ့ Link ပါဗျ
အထက်ပါ Facebook Page မှာ ဆေးအကြောင်း တော်တော်များများတင်ပေးထားပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
သခွါးအတွက်မိူဆေးကုသကာကွယ်ဘာတွေကောင်းလဲ
ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပင်အသီးပွင့်လိုက်နေပြီး မိုးလည်းများနေလို့ အီမာမက်တင်ပင်ဇိုက်အိတ်နှင့် ရောဖျန်းလို့ရမည့် မိူသတ်ဆေး...
ဖြေကြားချက် 1 ခု
ခရမ်းပင် ပုံပါအတိုင်းဖြစ်နေလို့ပါ မိူရောပါကြောင့်ဖြစ်တာလား ပိုးသတ်ဆေးလောင်တာလား သိချင်ပါတယ် မိူရောဂါဆိုရင် မိူ...
ဖြေကြားချက် 4 ခု
ပဲပင်က ပထမတကြိမ် ဒိုင်ဘင်တမျိူးထဲ 25 ccဖျန်းထားပါတယ် ရောဂါကမသက်သာလို့ပါ ခုနောက်တကြိမ် ဒိုင်ဘင်နှင့်Metalaxyl...
ဖြေကြားချက် 2 ခု
မှိုရောဂါကိုကာကွယ်ဆေးနဲ့ကုသဆေးကို ခွဲခြားသိချင်လို့ပါဆရာတို့ခင်ဗျ
ဖြေကြားချက် 1 ခု