အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,804
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာအခုမနက်ဆေး ဖျန်းရင်းတွေ့လို့ပါ ပထမပုံကဆေးလောင်တာလားဆရာ ပရိုမက်တင်နဲ့ အဘက်မက်တင်ကိုတော့ ၃ ရက်ခြားမဟုတ်ပဲ...

ဆရာအခုမနက်ဆေး ဖျန်းရင်းတွေ့လို့ပါ ပထမပုံကဆေးလောင်တာလားဆရာ ပရိုမက်တင်နဲ့ အဘက်မက်တင်ကိုတော့ ၃ ရက်ခြားမဟုတ်ပဲ ပိုးတွေတွေ့လို့ ၅ ရက်ခြားဖျန်းမိပါတယ် အလိုဖျန်းနေရင်းကို ပုံထဲကအတိုင်း ရွက်ထွင်းဒဏ်ရာလေးတွေကျန်နေခဲ့ပါတယ် ဂရုစိုက်နေရင်းနဲ့ တနေ့တနေ့ ပိုပိုများလာတယ်လို့ ထင်လို့ပါဆရာ ယင်ကောင်လေးတွေတော့မတွေ့တော့ပါဘူးဆရာ စွမ်းအားဆေးကမသုံးတာကြာလို့ ခဲသွားတယ်ဆရာ အတာ ဘယ်လို အသုံးပြုလိူ့ရပါသေးလဲဆရာ Exp ကတော့ 26 မှကုန်မှာပါဆရာ

ပိုးမွှားရောဂါ ပဲတောင့်ရှည် ပဲတောင့်ရှည်တွင်ဖြစ်ပွားတတ်သောရောဂါများ
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးလောင်တာမဟုတ်ဘဲ ဘက်တီးရီးယားရွက်ပြောက်ရောဂါကျတာဖြစ်နိုင်ပါတယ်၊ ကျရောက်မှုမများသေးရင် ရောဂါကျအရွက်များကို စိုက်ခင်းအဝေးသို့ခူးယူဖျက်စီးပစ်ပါ။ ကာကွယ်ချင်ရင်Copperoxychloride ဖျန်းပေးနိုင်ပါတယ်။ ဆေးဖိုးကုန်ကျစရိတ်များလို့ ဝယ်ပြီးသားမရှိသေးရင်လည်း ဆက်လက်ပြန့်ပွားခြင်းရှိမရှိစောင့်ကြည့်ပြီးမှ ဝယ်ဖျန်းနိုင်ပါတယ်။

349,542 လွန်ခဲ့သော ၁ နှစ် က

ဆေးကို အသုံးပြုပြီး လေလုံအောင်မသိမ်းဆည်းခြင်းကြောင့် ဆေးခဲသွားရခြင်းဖြစ်ပါတယ်၊နောက်ဆိုလေလုံအောင်သိမ်းဆည်းပါ။ အခုခဲသွားတဲ့ဆေးတွေကို ရွက်ဖျန်းအဖြစ်အသုံးပြုမယ်ဆိုရင်လည်းအယနိသင်ထိရောက်မှုနည်းသွားပါမယ်။ စိုက်ခင်းမြေဆီကျွေးတဲ့အခါ အခဲကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး မြေဆီနဲ့ ရောစပ်ကျွေးပေးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။