အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
860
လွန်ခဲ့သော ၁ နှစ် က · မြောင်းမြ

ဆောင်းသီးနှံပဲတီစိမ်းသက်တမ်းတစ်လျောက်အသုံးပြုမယ့် အပင်အားဆေး မှိုဆေး နဲ့ပိုးဆေးစတာတွေကို အပင်သက်တမ်းတစ်လျောက်...

ဆောင်းသီးနှံပဲတီစိမ်းသက်တမ်းတစ်လျောက်အသုံးပြုမယ့် အပင်အားဆေး မှိုဆေး နဲ့ပိုးဆေးစတာတွေကို အပင်သက်တမ်းတစ်လျောက်လုံးအသုံးပြုနည်းလေးသိချင်လို့ဆေးအမည်တွေနဲ့ ဆေးစျေးတွေကကြီးတော့အကုန်အကျသက်သာထိရောက်တဲ့နည်းလမ်းတွေကိုလည်းအကြံပေးပါအုံး

အပင်အာဟာရ ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၁ နှစ် က

၁၅ရက်မှစ၍ ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာများတွင် (N)အချိုးများသည့် သင့်တော်သည့် ရွက်ဖျန်းအား ဆေးတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (၄၅)ရက်စ၍ ပန်းပွင့်လာပါလိမ့်မယ်။ ပွင့်အားကောင်း၍ အသီးတောင့်များရန် (NPK)အချိုး ရွက်ဖျန်းအားဆေးများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းအားဆေး (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄)ဇွန်းနှင့် လက်ချား(၁)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက(၂၀)ဂါလံ ပက်ဖျန်းပါ။ ပိုးကာကွယ်ရန် ပင်လုံးပြန့်အာနိသင်ရှိFipronilပိုးသတ်ဆေးတမျိုးမျိုးဖျန်းပေးနိုင်ပါတယ်။ရောဂါကာကွယ်ရန် Mancozeb မှိုဆေးဖျန်းပက်ကာကွယ်နိုင်ပါတယ်။ ပိုး၊ရောဂါ ကျရောက်မှုရှိမှသာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးပိုးဆေး၊မှိုဆေးဖျန်းပက်အသုံးပြုသင့်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

အချို့ဒေသတွေမှာပဲတီစိမ်းစိုက်ကြတာ စပါးရိတ်ပြီးမြေအစိုဓာတ်ရှိနေချိန် ပဲကိုကြဲပက်လိုက်တယ် ပြီးမှရိုးပြတ်ကိုမခုတ်...

ဖြေကြားချက် 1 ခု

သီးစားဧကနှစ်ဆယ်‌ေကာက်လုပ်တယ်မိုစပါးကိုကွင်းအနေထားရ နယုန်လဆန်းလောက်မှာစပါးချတာဝါဆိုလရောက်တော့တာကျိုးလို့ရေမြုပ်...

ဖြေကြားချက် 1 ခု

ပဲတီစိမ်းခုတ်ဖုံးနည်းစနစ် အကြောင်းသိချင်လို့ခုမှခုတ်ဖုံးနည်းစနစ်ပြောင်းချင်လို့

ဖြေကြားချက် 1 ခု

မိုးတွေကများတော့ပဲတီစိမ်းစိူက်တာနတ်တော်လထဲရောက်သွားတော့အဆင်ပြေနိုင်ပါ့မလားအကြံပေးပါအုံးဗျ

ဖြေကြားချက် 3 ခု

မဂ်လာပါ တောင်သူဦးကြီးနှင့်ဆရာကြီးတို့ရေ မေးခွန်းလေးမေးချင်လို့ပါ စာရှည်သွားရင်ကြိုတောင်းပန်ပါတယ် ထယ်ထိုးပီး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။