ဖြေကြားချက် ၆ ခု
ရောဂါအသေအချာမြင်ရအောင် ရောဂါကျအရွက်အစိတ်အပိုင်းကို အနီးကပ်ပုံရိုက်၍ထပ်တင်မေးပေးပါဗျ
အပင်ခြေမှယဖြုတ်ပိုးကျရောက်မှုရှိမရှိစစ်ဆေးပါ၊ ဖြုတ်ပိုးကျပါက ရေထုတ်ပြီးနောက်Pymetrozine+ Dinotefuran, BPMC, Cartaphydrochloride တစ်မျိုးမျိုးဖျန်းပေးပါ၊
ဖြုတ်ပိုးကျရောက်မှုရှိနေတယ်ဆိုရင် ဖြုတ်ဆေးသီးသန့်အရင်ဖျန်းပေးပါဗျ၊ ဘက်တီးရီးယားရောဂါကတော့ အနည်းငယ်ဘဲတွေ့ရတာကြောင့် ဆေးမဖျန်းပဲ ဆက်လက်ပြန့်ပွားခြင်းရှိမရှိရက်အနည်းငယ်စောင့်ကြည့်ပါဗျ မပြန့်ပွားရင်ဖျန်းစရာမလိုပါဘူးဗျ
ဟုတ်ကဲ့ပါအကို ဖြုတ်ပိုးသတ်ဆေးနှင့်ဘတ်တီးရီးယားပိုးသတ်ဆေးကရောဖျန်းလို့ရပါသလားရောဖျျန်းလို့ရတဲ့ဆေးအတွဲလေးပြောပြပေးလို့ရမလား
စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါကျနေပြီး ပိုတက်ဆီယမ်အဟာရချို့တဲ့နေတာပါဗျ ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးတစ်မျိုးမျိုး အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ BISMERTHIAZOL, Oxolinic Acid ဆေးဖျန်းပြီးနောက်ရေစပ်စပ်သွင်းပြီး ပိုတက်အိတ်ဝက်၊ဂျစ်ဆမ်တစ်အိတ်ရောကျွေးပေးပါဗျ
ဆက်စပ်မေးခွန်းများ
ပိုးကြောင့်လား ရောဂါကြောင့်လားခင်ဗျာ စပါးတစ်ရုံမှာ ဘေးအပင်တွေကနေပြီးသေသေလိုက်နေလို့ပါခင်ဗျ အပင်ကိုနှုတ်ကြည့်...
ဖြေကြားချက် 4 ခု
ရောဂါလား ပိုးကြောင့်လား
ဖြေကြားချက် 3 ခု
စပါးရောဂါနဲ့ ကုသနည်းသိလိုပါတယ်
ဖြေကြားချက် 3 ခု
စပါးနှင့်ပဲမာကျရောက်တက်တဲ့ပိုးမွားများအကြောင်းသိချင်ပါသည်။
ဖြေကြားချက် 2 ခု
ဘာဖစ်နေတာလဲပြောပေးကြပါအူးဗျ ဆေးလေးလဲညွန်ကြားပေးကြပါအူးဗျ
ဖြေကြားချက် 3 ခု