ဘာဆေးဖျန်းသင့်လဲဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အမြစ်
မြေပဲပင်ရင်းပုပ်ရောဂါ (Foot Rot and Collar Rot)ကျတာပါခင်ဗျာ - မျိုးစေ့များကို မြေနက်နက်တွင်စိုက်ခြင်းဖြင့် ရောဂါရလွယ် စေသည့် အတွက် အတိမ်အနက်မှန်အောင် မျိုးစေ့ချစိုက်ပါ။ - ပေါင်းသင်ခြင်း၊ မြေတောင် မြှောက်ခြင်း ပြုလုပ်ရာတွင် အ ပင်များ ထိခိုက်ဒါဏ်ရာ မရရှိစေရန် ဆောင်ရွက်ပါ။ - မျိုးစေ့များကို မစိုက်ပျိုးမီ မျိုးစေ့လူးနယ် မှိုသတ်ဆေးတစ် မျိုးမျိုးနှင့် လူးနယ် စိုက်ပျိုးပါ။ - ရောဂါစတင်ကျရောက်ပါက Benomyl (ဘီနိုမိုင်း)၊ Difenoconazole (ဒီဖီနိုကိုနာဇိုး)၊ Chlorothalonil (ကလိုရှိသာလိုနေး)၊ Carbendazim (ကာဗင်ဒါ ဇင်) ၊Propiconazole (ပရိုပီကိုနာဇိုးလ်)၊ Tebuconazole (တက်ဗျူကိုနာဇိုးလ်) စ သောမှိုသတ်ဆေးများကိုအသုံးပြုပက်ဖျန်းပါ။ ရောဂါကျပြီးသောစိုက်ခင်းအတွက် Difenoconazole, Propiconazole,Tebuconazole, တစ်မျိုးမျိုး၇ရက်-၁၀ရက်ခြား ၂ကြိမ်ဖျန်းပေးပါဗျ
ဆက်စပ်မေးခွန်းများ
ပုံပါအတိုင်း ဆောင်းပဲစိုက်ရင် နှစ်တိုင်းဖြစ်နေလို့ မြေခံ ထုံးထည့်သင့်လား တခြား ဘာဆေးနဲ့ဆို အဆင်ပြေလောက်လဲဗျ
ဖြေကြားချက် 1 ခု
ပဲပင်အမြစ်ပုပ်နေလို့ရေလည်းမဝပ်ပါဘူးရှင့်ဘာများမှားသွားလို့လည်းရှင့်
ဖြေကြားချက် 2 ခု
ရောဂါနဲ့ကုသနည်းလေးဖြေဆိုပေးပါအုံးဆရာတို့ခင်ဗျ
ဖြေကြားချက် 1 ခု
အပင်လေးတွေကွက်ကွက်သေနေပါတယ်ဆရာအပင်က၈၅ရက်သားရပါပြီဆေးဖျန်းလို့အဆင်ပြေနိုင်ပါသေးသလားခင်ဗျ
ဖြေကြားချက် 3 ခု
မြေပဲပင်ရင်းမှာခုလိုလေးတွေဖြစ်ပြီးသေကုန်တာဘာဆေးသုံးသင့်ပါသလဲရှင်
ဖြေကြားချက် 7 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။