အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6
လွန်ခဲ့သော ၁ နှစ် က · မြိုင်

ဘာလုပ်သင့်လဲ အကြံပေးပါ့ဦး ဆရာတို့ရေ အဖျားခြောက်သလို့ဖြစ်နေလို့ဗျ မိုးရေသောက် လယ်တွေပါ ရေငတ်ထားတာလဲ ကြာပီဗျ အ...

ဘာလုပ်သင့်လဲ အကြံပေးပါ့ဦး ဆရာတို့ရေ အဖျားခြောက်သလို့ဖြစ်နေလို့ဗျ မိုးရေသောက် လယ်တွေပါ ရေငတ်ထားတာလဲ ကြာပီဗျ အခုမှ ရေပြန်ရတာ ပုလဲ ကျွေးထားတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ စပါး စပါးရွက်ဖျား​ခြောက်
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၁ နှစ် က

ာဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ Bismerthiazol Oxilinic Acid ပါဝင်သောဆေးတစ်မျိုးမျိုးဖျန်းပေးပါ။ ရောဂါကတောါတော်ပြန့်နေတာဆိုတော့ Bismerthiazol သို့မဟုတ် Oxilinic Acid တစ်မျိုးမျိုးဖျန်းပေးသင့်ပါတယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။