အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,744
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာရေ ပံ 111 မျိုးပါ ရာသီဥတုဒဏ်ခံနိုင်တယ်ဆိုလို့စိုက်တာ အသီးလိုက်နည်းနေလို့ပါဆရာ အားဆေးတေလဲဖျန်းနေတာပဲ မိုးက အ...

ဆရာရေ ပံ 111 မျိုးပါ ရာသီဥတုဒဏ်ခံနိုင်တယ်ဆိုလို့စိုက်တာ အသီးလိုက်နည်းနေလို့ပါဆရာ အားဆေးတေလဲဖျန်းနေတာပဲ မိုးက အခုမှတအားရွာနေတာ တာရာဖစ် ဖြူးဖို့လိူသေးလားဆရာ တစ်ခိုင်ကိုသုံးလုံးတင်ရင်ကိူကျေနပ်ပါပြီဆရာ အခုဟာက 1 လုံး 2 လုံးပဲလိုက်တယ််ဆရာ

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၁ နှစ် က

မိုးအရမ်းရွာတယ်ဆိုရင်တော့ မိုးလွတ်ချိန်မှာ ဂျစ်ဆမ်ဖြူးပေးလို့ရပါတယ်ဗျ၊ ပိုး/ရောဂါမကျဘဲ အသီးတင်အားနည်းနေရင်တော့ ကုန်ကျစရိတ်သက်သာအောင် ၁၆လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ယူရီးယား၁၆ဇွန်း၊ဘိုရွန်လက်ချား၄ဇွန်း နှူန်းဖြင့် ဖျော်စပ်ပက်ဖျန်းနိုင်ပါတယ်။ ဘိုရွန်လက်ချားကို ပရဆေးဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ မနက်ကမိုးရွာတာနဲ့ အခုဆေးဖျန်းခဲ့ပါတယ်ဗျ ပဲတောင့်ရှည်ရော ခရမ်းချဥ်ရော ပိုးလေးနည်းနည်းတွေ့တာနဲ့ ပိုးဆေး...

ဖြေကြားချက် 2 ခု

ဆရာရေ မိုးမရွာလို့စိတ်ညစ်ပြီးဘာမှမဖျန်းပဲ ပစ်ထားတာ ရေးသွင်းဖို့ကလဲအဆင်မပြေဘူး နေ့လည်ဆိုလဲနေတအားပူတာ အောက်...

ဖြေကြားချက် 1 ခု

ပဲတီစိမ်း25ရက်သားပါ ခုမိုးကမပျက်ရွာနေလို့ ကြက်ချေးမြေဩဇာ ကျွေးရင် ကောင်းလားဗျ ဖြေပေးပါအုံး ဆရာကြီး

ဖြေကြားချက် 1 ခု

ဆရာရေး ခရမ်းချဥ်တွေမိုးမတအားမိနေတယ်ဗျာ အခုထိမစဲဘူး စိတ်ညစ်လာပြီ

ဖြေကြားချက် 1 ခု

မိုးများနေတာအပင်တွေမထိခိုက်အောင်မိုးပါးသွားရင်အရင်ဆုံးဘာလုပ်သင့်ပါသလဲ‌ ရေနှုတ်မျောင်းတွေကိုတောကောင်းအောင်လုပ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။