ကျွန်တော့်ပဲပင်လေးတွေ ပုံပါအတိုင်းထွတ်တာလိုလို ကုတ်တာလိုလိုဖြစ်နေပါတယ်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့်တိမ်ထူထပ်ပြီး မိုးထစ်ချုန်း
ယင်ဖြူသို့မဟုတ်စုပ်စားပိုးတစ်မျိုးမျိုးကျရောက်တာကြောင့် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ( Yellow mosaic virus)ဖြစ်ပါတယ်၊ကုသလို့မရပါ၊ ရောဂါသယ်ဆောင်ဖြစ်စေတဲ့ စုပ်စားပိုးကို နိုင်ရန် Imidacloprid, Acetamiprid, Thiamethoxamတစ်မျိုးမျိုးဖျန်းပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပိုး ကျွန်တော် ဘူးနှင့် ကျောက်ဖရုံခြံ ထဲမှာ အောက်ပါပိုးများ (စုပ်စားယင်အဆိုးဆုံးပါ ပထမပုံ) ကြောင့် အသီးမတင်...
ဖြေကြားချက် 4 ခု
ခရမ်းချဥ်အဆစ်တွေ ပိုးဝင်ပြီး ကျိုးကြ့ကုန်လို့ ဘယ်လိုကာကွယ်ရမလည်းဆရာ
ဖြေကြားချက် 2 ခု
ငြုပ်ပင်အရွက်တွေ အဲ့လိုမျိုးတွန့်နေလို့ပါ အဲ့တာ ဘယ်လို စိုက်ပျိုးရမလဲ၊ ဘာလို့အပ်သလဲ၊ဘာရောဂါဖြစ်တာပါလည်းခင်မျာ
ဖြေကြားချက် 4 ခု
ကျွန်တော့ပဲပင်လေး ဘာဖြစ်တာလဲပြောပြပေးပါ အုံး
ဖြေကြားချက် 1 ခု
အရွက်တေကုတ်ပီးစုပ်စားကျသလိုဖစ်နေတာ ဘာဆေးသုံးသင့်သလဲဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။