အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
248
လွန်ခဲ့သော ၁ နှစ် က · အောင်မြေသာဇံ

အသားတိုးနွား/နို့စားနွားတို့က နေဗီယာမြက်(Napier grass)တစ်ခုထဲနဲ့ မွေးလို့ရလား။ဖွဲနုတွေ ဆန်ကွဲတွေလိုသေးလား။အစာ...

အသားတိုးနွား/နို့စားနွားတို့က နေဗီယာမြက်(Napier grass)တစ်ခုထဲနဲ့ မွေးလို့ရလား။ဖွဲနုတွေ ဆန်ကွဲတွေလိုသေးလား။အစာဖိုးနဲ့ကောကိုက်ပါ့မလား။ဖွဲတွေဆန်ကွဲတွေမပါရင် အချိန်ကြာမှာလား။ကြာမယ်ဆိုဘယ်လောက်ကြာမှာလဲဗျ။အစာဖိုးကုန်ကျစရိတ်နဲ့ ဘယ်နှနှစ်နေရင်ဘယ်လောက်မြတ်နိုင်လဲတွက်ပြပေးပါ။တွက်လိုက်တိုင်း ရှုံးနေလို့ပါ။

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၁ နှစ် က

မြက်တစ်မျိုးထဲနဲ့မွေးလို့မရပါနို့ထွက်အောင်ဖွဲနုပဲဖတ်ဆကွဲကြိုစသည့်အဟာရများပါကြွေးရပါမယ်

119 လွန်ခဲ့သော ၁ နှစ် က

မြက်ကို ချဉ်ဖက် လုပ်ကျွေးတာတို့ ငှက်ပျောအူကို ချဉ်ဖက် လုပ်ကျွေးတာတို့ နောက်ပြီး တခြား အစာစပ်ပြီး ကျွေးတာတို့ လုပ်ကျွေးလို့ ရပါတယ် အစာစပ်နည်းတွေကိုလည်း you tubeမှာ လေ့လာလို့ရပါတယ် နွားအမျိုးအစားပေါ်မူတည်ပြီး carbohydrates များရမှာလား protein များကျွေးရမှာလားလည်း လိုအပ်တာ ဖြစ်လို့ သေချာလေး အစီအစဉ် ချသင့်ပါတယ်

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၁ နှစ် က

ကြီးထွားမြန်ဖို့အတွက် နေဗီယာတစ်မျိုးတည်းထက် အခြားအဟာရပြည့်စေမယ့် အစာတွေကိုပါ ရောနှောကျွေးဖို့လိုအပ်ပါတယ်ဗျ။ ဖြစ်နိုင်ရင် ပဲဖက်တို့လိုမျိုးပါ ရောစပ်ကျွေးပေးပါ။ ဒေသနွားများအတွက် အာဟာရပြည့်ဝသည့် အစာစပ်နည်းနှင့် အစာကျွေးနည်းများ

248 လွန်ခဲ့သော ၁ နှစ် က
အတည်ပြုပြီး 323,965 လွန်ခဲ့သော ၁ နှစ် က

အသားတိုးနွားနှင့် နို့စားနွားများအတွက် နေဗီယာမြက်တစ်ခုတည်းဖြင့် မွေးမြူခြင်းသည် အကောင်းဆုံးကြီးထွားမှုနှင့် ထုတ်လုပ်မှုအတွက် မလုံလောက်ဘဲ ဖွဲနု၊ ဆန်ကွဲစသည့် ဖြည့်စွက်စာများ မဖြစ်မနေလိုအပ်ပါသည်။ ဖြည့်စွက်စာများမပါဘဲ ကျွေးပါက ကြီးထွားမှုနှုန်း သိသိသာသာနှောင့်နှေးကာ စျေးကွက်သို့တင်ပို့ရန် သို့မဟုတ် နို့ထွက်နှုန်းပြည့်မီရန် အချိန်များစွာ ပိုမိုကြာမြင့်မည်ဖြစ်သည်။ အစပိုင်းတွင် ဖြည့်စွက်စာကုန်ကျစရိတ် မြင့်မားသော်လည်း ၎င်းတို့သည် အသားထွက်နှုန်းပိုကောင်းစေခြင်း၊ နို့ထွက်နှုန်းတိုးစေခြင်းနှင့် မွေးမြူချိန်တိုစေခြင်းတို့ကြောင့် အလုံးစုံအမြတ်အစွန်းကို ပိုမိုတိုးတက်စေသောကြောင့် စုစုပေါင်းကုန်ကျစရိတ်နှင့် အချိန်ကိုက်ညီမှုရှိပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။