အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
536
လွန်ခဲ့သော ၁၁ လ က · ပျဉ်းမနား

သခွားသီးတွေကအဖက်မတင်ဖြစ်နေတယ်ဗျ မိုးလဲတအားမများပါဘူး အသီးကင်းလေးတွေအကုန်လုံးလိုလိုကအပွင့်တွေပြုက်ကျပြီးထိပ်...

သခွားသီးတွေကအဖက်မတင်ဖြစ်နေတယ်ဗျ မိုးလဲတအားမများပါဘူး အသီးကင်းလေးတွေအကုန်လုံးလိုလိုကအပွင့်တွေပြုက်ကျပြီးထိပ်ဖျားလေးတွေကပုပ်သလိုဖြစ်ကုန်တယ် အကြံပေးကြပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
စိုက်ပျိုး ဗဟုသုတ သခွား သခွားအာဟာရချို့တဲ့ခြင်း

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၁၁ လ က

သခွားပန်းပွင့်ပြီးအသီးမတင်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာဖိစီးမှုအခြေအနေများ အပူချိန် 32°C ထက်ကျော်လွန်ပြီး 15°Cအောက်ဆိုလျှင် အသီးမတင်နိုင်ပါ စိုက်ခင်းအစိုဓာတ်များခြင်း၊ရေဝပ်ခြင်းကြောင့် လည်းဖြစ်တတ်ပါတယ်။ရေကိုအလွန်အကျွံပေးခြင်းရှောင်ကြဉ်ပါ။ ပတ်ဝန်းကျင်ဆိုင်ရာဖိစီးမှုအခြေအနေများကြောင့်ဆိုရင် အမိုင်နိုအက်စစ်နှင့်အနည်းလိုအဟာရအားဆေးများ သို့မဟုတ်ဟူးမစ်အက်စစ်ပါရွက်ဖျန်းအားဆေးများဖျန်းပေးခြင်းဖြင်သက်သာစေနိုင်သည်။ နိုက်ထရိုဂျင်အချိုးများ ဓာတ်မြေဩဇာတစ်မျိုးတည်းသုံးစွဲလို့ အဟာရမညီမျှခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ နိုက်ထရိုဂျင်အချိုးနည်း ဖော့စပရပ်နှင်ပိုတက်ဆီယမ်အချိုးများဓာတ်မြေဩဇာထည့်ပေးသင့်ပါတယ်၊ဥပမာ-5:10:10 ၊ 10:20:20 နေရောင်ခြည်၆နာရီမှ၈နာရီအထိရရှိမှုမရှိခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ် ဝတ်မှုန်ကူးအင်းဆက်များနည်းပါးခြင်းနှင့် ဝတ်မှုန်ကူးနိုင်ခြေအားနည်းခြင်းများကြောင့်လည်းဖြစ်နိုင်ပါတယ် မိမိကိုယ်တိုင် ဂွမ်းတံဖြင့် ဝတ်မှုန်ကူးခြင်းမျိုးဆောင်ရွက်ပေးသင့်သည်။ ပန်းပွင့်ခြင်းနှင့် အသီးတင်ခြင်းကို အားပေးသည့် ဟော်မုန်းဖြစ်သော Blossom Set ကို အပင်များပေါ်တွင်ဖျန်းပေးပါ။ဥပမာ(NAA hormone,GA3, Nitrophenol)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။