အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
211
လွန်ခဲ့သော ၁၁ လ က · ကဝ

ဒီဈေးတိုင်ဆိုနောက်နှစ်စပါးကိုအိမ်စားဖို့လောက်ပဲစိုက်တော့မယ်ယခုဈေးနဲ့ရှုံးလိုလယ်၁၀ဧကစိုက်တာ၁ဧကပြုတ်သွားပြီနောက်...

ဒီဈေးတိုင်ဆိုနောက်နှစ်စပါးကိုအိမ်စားဖို့လောက်ပဲစိုက်တော့မယ်ယခုဈေးနဲ့ရှုံးလိုလယ်၁၀ဧကစိုက်တာ၁ဧကပြုတ်သွားပြီနောက်ဆိုစိုက်စားစရာမြေတောင်ကျံပမလားပဲအိမ်စားဖို့လောက်ပဲစိုက်ပြီလယ်တွေရောင်တော့မယ်တောင်သူများလည်ကိုယ်စားဖို့ပဲစိုက်ဖိုအကြံပြုချင်းပါတယ်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
လယ်ယာသုံးစက်ပစ္စည်း စပါး အခွင့်အလမ်းနှင့် အခြားမေးခွန်းများ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁၁ လ က

အခက်အခဲ၊အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာကို နားလည်ပါတယ်ခင်ဗျာ။ပြဿနာတခုကို ဖြေရှင်းရာမှာ၊ရေတိုမကြည့်ပဲ ရေရှည်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ မြေတွေရောင်းချသည်အထိ၊မပြုလုပ်စေချင်ပါဘူး။စပါးအဆင်မပြေရင် အခြားသီးနှံ အစားထိုး စဉ်းစားစေချင်ပါတယ်။ ရောင်းပြီးမှ ပြန်ဝယ်ချင်ရင်၊မြေဈေးကတော့ သိတဲ့အတိုင်း။(ပေါက်ဈေးဆိုတာ၊ပါးစပ်ထဲမှာ)။ တောင်သူဘဝကို လုံးဝစိတ်ကုန်သွားပြီဆိုရင်တော့ ၊တမျိုးပေါ့လေ။ အခြေအနေဆိုတာ တသမတ်တည်း ရှိမနေပါဘူး။စဉ်းစားပါဦး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။