အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,744
လွန်ခဲ့သော ၁၁ လ က · ချောက်

အပင်တွေကြည့်ပါအူးဆရာရ ရှယ်မိုက်နေရော အပေါ် အပွင့်တွေအသီးတင်အောင် အခုပဲ ကယ်မက်ဟက် 3 ဇွန်း ပွင့်သီးရှယ် တစ်ထုတ်...

အပင်တွေကြည့်ပါအူးဆရာရ ရှယ်မိုက်နေရော အပေါ် အပွင့်တွေအသီးတင်အောင် အခုပဲ ကယ်မက်ဟက် 3 ဇွန်း ပွင့်သီးရှယ် တစ်ထုတ် ဆိုင်လာ ၂ ဇွန် ဖျန်းခဲ့တယ်ဆရာရေ အညွှန့်တေက မိုးအပြီးဆိုတော့ တအားတက်နေတယ် ခပ်ပီး အတန်းတန်းဖို့လိုသေးလားဆရာ ဘယ်လပိုင်းကုန်လောက်ထိခူးရလောက်လဲဆရာ အခုမှ စခူးတာပါဆရာ

အပင်အာဟာရ ခရမ်းချဉ် ခရမ်းချဉ်ပင်နှင့်အာဟာရ
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

ဟုတ်ကဲ့၊အခုလိုအဆင်ပြေတာမြင်တွေ့ကတော့ ထပ်တူဝမ်းသာမိပါတယ်ဗျာ။ပိုး၊ရောဂါကင်းအောင်အမြဲတမ်းစစ်ဆေးပါ။ လုပ်ဆောင်ပေးချင်လျှင် အပင်ခေါင်နှိမ်ပေးခြင်း-ခေါင်နှိမ်တာက အသီးတွေ အလင်းရောင်ပိုမိုရရှိစေဖို့ အောက်ပိုင်းအရွက်နဲ့ ကိုင်းတစ်ချို့ကိုဖယ်ရှားတာကို ခေါင်နှိမ်တယ်လို့ခေါ်တာဖြစ်ပါသည်။ အဲ့လိုပြုလုပ်တာက ပင်စည်ရောဂါကျရောက်မှုကိုလျော့နည်းစေပြီး အောက်ပိုင်းပင်စည်တစ်လျှောက် လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ ဒါပေမယ့် ခရမ်းချဥ်က နေပြင်းတာကိုမကြိုက်တာ‌ ကြောင့်အလွန်အကျွံခေါင်နှိမ်တာမျိုးကိုတော့ မလုပ်မိစေရန်သတိပြုရမည်။လုပ်အားခကုန်ကျမှာစိုးရိမ်လျှင် မဆောင်ရွက်လည်းရပါတယ်ဗျ။ အသီးခူးတာကတော့ အပင်အနေအထားအရတော့ တော်တော်ကြာကြာခူးရဦးမှာပါဗျ။

9,744 လွန်ခဲ့သော ၁၁ လ က

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချဉ်‌အပင်ကြာရှည်ခူးဆွတ်ရဖို့အပင်အားဆေးက ဘာဆေးဖြန်းပြီး ရောဂါဓာတ်ကာကွယ်ဖို့က ဘာဆေးဖြန်းရမှာလဲဗျ

ဖြေကြားချက် 1 ခု

ဆရာ့ နောက် ၇ ရက်နေရင် အမိုင်နိုတစ်မျိုးပဲ ဖျန်းခိုင်းတာလား. နောက်တစ်ခုကတော့ အခြား ခရမ်းချဥ်စိုက်ခင်းသူငယ်ချင်း...

ဖြေကြားချက် 2 ခု

ဆရာကြီးခင်ဗျ ၁ ။ ခရမ်းချဥ်ပျိုးအိတ် ပထမပုံက Jul 14 ရက်နေက ရိုက်ထားတဲ့အပင်အနေထားဖြစ်ပါတယ်ခင်ဗျ ၂ ။ ခရမ်းချဥ်...

ဖြေကြားချက် 3 ခု

ဆရာခရမ်းချဥ်အပွင့်တေ အသီးမလိုက်လို့ဆရာ ရှေ့ ၃ ရက်လောက်က မက်တလဇီးတစ်မျိုးတညိးဖျန်းထားတယ်ဆရာ အပင်အားကောင်းနေလို့...

ဖြေကြားချက် 1 ခု

သဲမြေမှာ စိုက်ပျိုးပါတယ်၊ စိုက်ပျိုး ဟင်းသီးဟင်းရွက်အပင်တွေက မြေအောက်ကို နက်နက်မဆင်းကြဘူးဗျ၊မြေအောက်ကို အမြစ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။