ဖြေကြားချက် ၁ ခု
မိုးရွာသွန်းမှူကြောင့် ရေဝပ်ခဲ့ခြင်း၊စီးပွားဖြစ်စိုက်ပျိုးတာဆိုရင်လည်း မြေပြုပြင်မှုမကောင်းခြင်း၊ပြုစုစောင့်ရှောက်မှုမှားယွင်းခြင်းတွေကြောင့် ခါးရိရောဂါဖြစ်ဖို့အလားအလာပေးသလိုဖြစ်နေပါတယ်။ခါးရိရောဂါ(Damping off)ဟုတ်မဟုတ်သိရှိနိုင်ရန် အပင်ဆွဲနှုတ်ကြည့်ပြီးခါးပင်စည်ရိသိမ်နေတာဟုတ်မဟုတ်ကိုယ်တိုင်စစ်ဆေးပါ။ မြေခံမှာမြေဩဇာမထည့်ခဲ့ဘဲ စိုက်ပျိုးပြီးချိန်ထိလည်း အပင်အားဆေးမဖျန်းရသေးရင်တော့ အဟာရလိုအပ်နေတာဖြစ်နိုင်ပါတယ်။ နိုက်ထရိုဂျင်အချိုးများအားဆေးဖျန်းပေးပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံထဲကအတိုင်းပဲတီစိမ်းခင်းကမိုးများထားတော့တစ်ချို့နေရာတွေကအပင်တွေမထဘူးဖြစ်နေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်
ဖြေကြားချက် 1 ခု
နှမ်း၆၀ရက်သားအပွင့်တော့တိတ်စပြုပြီမိုးများနေလို့အကြံဉာဏ်လေးပေးပါအုန်းအပင်နုထက်စာရင်ဒဏ်ခံနူိင်လားဗျ
ဖြေကြားချက် 1 ခု
ပုံထဲကအတိုင်းနှံစားပြောင်းကျဲထားတာမိုးအရမ်းများတော့အပင်တွေကမထနိုင်ဘူးဖြစ်နေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
ပုံထဲကအတိုင်းခုရက်ထဲ မိုးတွေ များပြီး ငရုတ်ပင်တွေ အရွက် ဝါနေလို့ ဘာဆေးဖျန်းရမလဲ ဗျ
ဖြေကြားချက် 1 ခု
ချဉ်ပေါင်တွေ ဘာဖြစ်တာလဲဗျ တချို့ဆို အရွက်တွေပါ ရိပြီးပေါက်သွားတယ်ဗျ
ဖြေကြားချက် 1 ခု