အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
235
လွန်ခဲ့သော ၇ နှစ် က · ညောင်တုန်း

နွားအစာတွတ် ဘီယာဖက် တစ်တန်လောက် ဝယ်ယူနိုင်မည့်နေရာဖော်ပြပေးပါခင်ဗျာ

ခြံမှတ်တမ်း နွား
2

ဖြေကြားချက် ၂ ခု

6,326 လွန်ခဲ့သော ၇ နှစ် က

နွားစာချဉ်ဖတ်ကို မြက်၊ ပြောင်းဖူးပင်၊ နှံစားပြောင်းပင်စသည့် အစိုဓာတ်ရှိသည့်နွားစာပင်များကိုပြုလုပ်နိုင်ပါသည်။ အပင်အခြောက်ကိုချဉ်ဖတ်သိပ်၍မရပါ။ ချဉ်ဖတ်သိပ်ရာတွင်အရေးအကြီးဆုံးအချက်မှာ အကောင်းဆုံးဖိသိပ်၍ လေနှင့်ရေလုံရန်ဖြစ်ပါသည်။ ချဉ်ဖတ်သိပ်ပြီး ၃ ပတ်တွင် နွားစာချဉ်ဖတ်ရရှိပါသည်။ လေနှင့်ရေလုံပါက ၂ နှစ်မှ ၄ ၅ ၁၀ နှစ် အထားခံပါသည်။ ချဉ်ဖတ်ပြုလုပ်ခြင်းသည် နွားစာ၏အာဟာရတန်ဖိုးလျှော့ကျမှုအနည်းဆုံးဖြင့်ကာလကြာရှည်သိမ်းဆည်းထားနိုင်ရန်ပြုလုပ်ခြင်းဖြစ်ပြီး အစာရှားပါးသည့်ခြောက်သွေ့ကာလများတွင် အရည်အသွေးကောင်းသည့်နွားစာကိုကျွေးနိုင်ရန်ဖြစ်ပါသည်။

22,041 လွန်ခဲ့သော ၇ နှစ် က

မြက်ချဉ်ဖတ် လုပ်ကျွေးနို်သေးတယ် လုပ်နည်းကတော့ ဒေသမာရနိုင်တဲ့မြက် ပြောင်းရိုး ကောက်ရိုး စတာတွေကို တတ်နိုင်သရွေ့ခုတ်စင်းထား ပြီးရ်င် စည်ပိုင်း/ ပလပ်စတစ်ပုံးပြာရင့် (အထူစား) ထဲထည့် ဖိသိပ် အပေါ်က ဖွဲနုမှုန့် ( မရရင်ဖွဲကြမ်းသုံး) တလွှာဖြူးပေးပါ ထညက်ရည် သကာရည်ကြမ်း ဖြန်းပေးပါ နောက် တဆေး တခဲ ထည့်ပေး နောက်ထပ် ပြီးတော့ ခုတ်စင်း မြက်/ ပြောင်းရိုး တလွာ ဖွဲနုမှုန့် ထညက်ရည် တို့ကို တလွှာပြီးတလွှာ ရသလောက် ထည့် အစာကြမ်းကိုတတ်နိုင်သလောက်ဖိသိပ်ပေး နောက်ဆုံးလွှာပေါ်မာ ကောက်ရိုးပါးပါးလေးခင်းပြီး ပလပ်စတစ်စ နဲ့ဖုံးထားပါ ၄_၅ ရက်ခန့်မာ ဖွင့်ကြည့်ပါ ချဉ်ဖတ် နံ့ လိုလို ရလာမယ် ချဉ်စုပ်စုပ် ဘီယာနံ့လိုလို ရတဲ့ထိ ဆို နွားတွေ ကျွေးနိုင်ပါတယ်( ၂ပါတ်ကျော်လို့ အဲဒီ အနံ့လဲရမယ် ချဉ်ဖတ်လဲ ဖြစ်ပီဆိုကျွေးနိုင်ပါတယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။