အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,737
လွန်ခဲ့သော ၁၁ လ က · ချောက်

ဆရာခင်ဗျ ခရမ်းချဥ်လေးတေကြည့်ပေးပါအူး ပထမပုံလေးသေချာကြည့်ပေးပါအူး မှိုလားရောဂါလားဆရာ အလိုပင်အတော်များများတွေ့နေ...

ဆရာခင်ဗျ ခရမ်းချဥ်လေးတေကြည့်ပေးပါအူး ပထမပုံလေးသေချာကြည့်ပေးပါအူး မှိုလားရောဂါလားဆရာ အလိုပင်အတော်များများတွေ့နေရတယ် အညွန့်လဲမလိုက် အသီးလဲမလိုက်တော့ဘူး အရွက်တေဝါတယ်ဆရာ အရင်တစ်ပတ်က အေဇိုတက်မှိုဆေးဖျန်းထားတယ်ဆရာ ဒီနေ့ MGM TRACE ရယ် ပွင့်သီးရှယ် ဆိုင်လာ သုံးမျိုးဖျန်းခဲ့တယ်ဆရာ ဒုတိယပုံကတော့ ကျန်းမာသန်စွမ်းရောဂါကင်းတယ်လားလို့ဆျာ အခုမှ ပြိုင်တူရိုက်လာတဲ့ပုံနှစ်ပုံပါဆရာ

Post image
Post image

ဖြေကြားချက် ၉ ခု

347,513 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

သေနိုင်တဲ့အထိရောဂါကူးစက်သွားတဲ့အခင်းဆို နှုတ်ပစ်နိုင်ပါတယ်

347,513 လွန်ခဲ့သော ၁၁ လ က

ပိုး၊ရောဂါ၊အဟာရချို့တဲ့တာအပင်ဖိစီးမှုများခြင်းတွေ‌ထဲကတခုခုကြောင့်ဖြစ်နိုင်ပါတယ်၊ပုံတင်ပေးပါ

362 လွန်ခဲ့သော ၁၁ လ က

ခရမ်းချဉ်အရွက်တွန့်ကုတ်သွားတာဘာရောဂါလဲဆရာ

347,513 လွန်ခဲ့သော ၁၁ လ က

အားဆေးဖျန်းပြီး ၂ရက်လောက်သာခြားပြီး မှိုဆေးဖျန်းပေးနိုင်ပါတယ်၊ ရောဂါဆက်လက်ပြန့်ပွားသွားမှာစိုးရိမ်လို့ပါ၊ ဆေးဖျန်းပြီးလျှင်လည်း ရောဂါကွက်များဆက်လက်ပြန့်ပွားခြင်းရှိမရှိအမြဲစစ်ဆေးပေးပါဗျ

9,737 လွန်ခဲ့သော ၁၁ လ က

အခု မှအပေါ်က အားဆေးတွေဖျန်းထားတော့ ဘယ်နှစ်ရက်နေရင် မှိုဆေးဖျန်းလို့ရလဲဆရာ တအားတော့မများသေးဘူးဆရာ 10 ပင်လောက်ထိတော့ရှိနေပီဆရာ တစ်ခင်းလုံးတော့မကူးစက်သေးဘူးဆရာ အခုမှတစ်ထောင့်ကျဥ်းအနည်းငယ်သာဖြစ်သေးတယ်ဆရာ

347,513 လွန်ခဲ့သော ၁၁ လ က

ဖျန်းလို့ရပါတယ်၊ဖျန်းပြီးရောဂါရပ်တန့်မတန့်စောင့်ကြည့်ပေးပါ

9,737 လွန်ခဲ့သော ၁၁ လ က

အဲ့အပင်တေကနှုတ်ပစ်ရမလားဆရာ ဆေးတွေလဲ ဖျန်းရတာများနေလို့ မန်ကိုဇက် + မက်တလဇီးအရောဖျန်းလို့ရလားဆရာ

347,513 လွန်ခဲ့သော ၁၁ လ က

မှိုဆေးတစ်ခါဖျန်းပြီးတိုင်း ရောဂါအစက်အပြောက်အကွက်များဆက်လက်ပြန့်ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်စစ်ဆေးပါဗျ၊ ရောဂါဆက်လက်ပြန့်ပွားရင် ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်

347,513 လွန်ခဲ့သော ၁၁ လ က

တစ်ရာသီမှတစ်ရာသီသို့ရောဂါရပင်ကြွင်းပင်ကျန်များ၊ ပေါင်းမြက်များမှတဆင့်ကူး စက်သည်။ - ရောဂါဖြစ်စေမှိုသည် မိုး၊ လေ တို့ဖြင့်ကူးစက်သည်။ - ခံနိုင်ရည်ရှိသောမျိုးကိုသုံးပါ။ - ရောဂါကင်းသောမျိုးကိုသုံးပါ။ _နောက်တစ်သီးစိုက်မယ်ဆိုလျှင် ရောဂါကျသော ပင်ကြွင်းပင်ကျန်များအား မီးရှို့ဖျက်ဆီးပါ။ _ရောဂါကွက်စတင်တွေ့ ရှိပါက Iprodione (အိုင်ပရိုဒီ ရုန်း)၊ Mancozeb (မန်ကိုဇက်)၊ Chlorothalonil (ကလိုရို သာလိုနေး)၊ Thiophanate-methyl (သိုင်အိုဖါနိတ်မီသိုင်း)၊ Benomyl(ဘီနိုမိုင်း) စသောမှိုသတ်ဆေးတစ်မျိုးမျိုး အသုံးပြု ပက် ဖျန်းနိုင်သည်။

You

ဆက်စပ်မေးခွန်းများ

copperoxicloride ဖြန်းပီးတာ3ရက်ကျော်ပါပီ ဒါမျိုးလေးတွေတွေ့နေရသေးလို့ ဘယ်လိုလုပ်ရမလဲဗျ မိုးလဲများထားတော့

ဖြေကြားချက် 5 ခု

ပိုးရောဂါ အစုံတွေ့နေရလို့ပါ ခရမ်းချင် တစ်လသားပါ အပင်လဲသေပါတယ် အရွက်လဲထွတ်ပါတယ် မှဲပြောက်လဲတွေ့ပါတယ် ဘာဆေးသုံးရ...

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်မှာအရိုးမဲအရွက်မဲတွေဝင်နေလို့ဘာဆေးတွေနဲ့ကုလို့ရမလဲဗျ။ဒီဘက်ကမနက်ဆိူနှင်းကျပါတယ်။နောက်ပြီးဆေးနဲ့ပက်...

ဖြေကြားချက် 1 ခု

ဘာဆေးဖြန်းသင့်လည်းဆရာ မီသိုမော့+ဆိုင်မိုဇနေး။ ကော့ပါး+ကာမိုင်စင်အလည့်ကျဖြန်းထားတယ် မက်တလယ်စီရောဖြန်းသင့်လားဆရာ...

ဖြေကြားချက် 1 ခု

ခရမ်းချည် ဖလူးကွဲဂျွတ်တက်နေတာဘာလုပ်ရမလဲဗျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။