အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၁၁ လ က

ပျပိုး နှင့်ကိုက်စားပိုးတစ်မျိုးမျိုးကျနေတာဖြစ်နိုင်ပါတယ်၊ပင်လုံးပျံ့ပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်သည်။ အောက်ပါအတိုင်း ဆောင်ရွက်ပေးနိုင်လျှင်လည်းအဆင်ပြေနိုင်သည်။ စားဖိုပြာကို ဇကာချ၍ ပြာနုနုရယူကာ အပင်များကို ပက်ဖြူး ပေးပါ။ ဆပ်ပြာရည် (၃ဝ) မီလီလီတာကို ရေ (၅) လီတာဖြင့် ရောစပ် ကြက်ဆူဆီဆပ်ပြာကို ရေတွင်ဖျော်၍ ပျပိုးများရှိသော အပင် ပေါ်သို့ ပက်ဖျန်းပေးပါ။ ကြက်သွန်ဖြူသတ္ထရည် (ထောင်း၍စစ်ယူထားသောအရည်) လက်ဖက်ဇွန်း (၃) ဇွန်း၊ အရက်ဦးရည် လက်ဖက်ဇွန်း (၁) ဇွန်းကို ရေ ၂ လီတာခွဲဖြင့် ဖျော်စပ်ကာ ပျပိုးများရှိသော အ ပင်ပေါ်သို့ ပက်ဖျန်းပေးပါ။ ချစ်တီးပန်းအရွက်များကို ခြွေ၍ ထုထောင်းကာ ပူနွေးသော ရေတွင် စိမ်ထားပါ။ (၂၄) နာရီကြာ စိမ်ပြီးနောက် ပိတ်စိမ်း ပါးဖြင့် စစ်ယူကာ ရေ (၂) ဆဖြင့် ရော၍ ပက်ဖျန်းပေးပါ။ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေ အဆ (၁ဝဝ) ရောစပ်သမကာ ပက်ဖျန်းပေးပါ။ လတ်ဆတ်သော သြဇာရွက် (၂) ကီလိုဂရမ်ခွဲကို ခုတ်စင်း၍ ရေ (၄) ဂါလံခွဲတွင် ထည့်၍ ပြုတ်ပါ။ ရေတစ်ဂါလံ၏ ၄ ပုံ ဆ ၁ ပုံ ကျန်သည်အထိ ပြုတ်ပေးပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူကာ ရေ (၁၄) ဂါလံဖြင့် ရောစပ်ပက်ဖျန်းပါ။ အခြောက်လှမ်းထုထောင်းထားသော ဟုန်းမြစ်မှုန့် (၂) ကီ လိုဂရမ်ခွဲကို ဆပ်ပြာအနည်းငယ်ထည့်၍ ရေ လီတာ (၄၀၀) တွင် ဖျော်စပ်ပြီး ပက်ဖျန်းပါ။ ဟုန်းမြစ်မှုန့် အဆ (၂ဝ)၊ ဆေးဂန္ဓမာရွက်ခြောက် အဆ (၃ဝ) နှင့် မြေမှုန့်၊ ကျောက်မှုန့် အဆ (၅ဝ) တို့ကို ရောစပ်ကာ ကျဲ ပက်ပေးပါ။ (၁) နှစ်သား ဆင်တုံးမနွယ်ပင်ကို လက်တစ်ဆစ်အရွက် ဖြတ် တောက်၍ အပိုင်းအစ (၇) ခုကို ပဒိုင်းရွက် (၂ဝ) ရွက်နှင့်ရော ၍ ထုထောင်းခြေမွပေးပါ။ ပြီးလျှင် ရေ (၂) လီတာတွင် ရော မွှေ၍ ခေတ္တထားကာ ပိတ်စိမ်းပါးဖြင့် စစ်၍ ညှစ်ယူပါ။ င်း စစ်ကျရည် (၂) လီတာကို စားဖိုပြာ နို့ဆီဗူး တစ်ဗူးရော၍ ကျို ချက်ပေးပါ။ (၁) လီတာခွဲကျန်သည်အထိ ကျိုချက်ပြီး ပိတ် စိမ်းပါးဖြင့် ပြာများကို စစ်ချယူပါ။ ရရှိလာသော စစ်ကျရည် လီတာဝက်ကို ရေ (၃) ဂါလံဖြင့် ရောစပ်ပက်ဖျန်းပါ။ ချင်းတက် ၂.၅ ကီလိုဂရမ်ကို ရေဆေး၍ ကြေညက်အောင်ထု ထောင်းပါ။ ပြီးလျှင် ရေ (၄) လီတာဖြင့် ရောသမမွှေပေးပါ။ ချင်းဖျော်ရည်ကို ပိတ်စိမ်းပါးစစ်ယူ၍ စစ်ကျရည်တွင် ဆ ပာရည် (၄ဝ) မီလီလီတာဖြည့်စွက်ပြီး ရောမွှေသမကာ ပက် ဖျန်းနိုင်သည်။ ဆေးဂန္ဓာပွင့် (၃၅ဝ) ဂရမ်ကို အမှုန့်ထောင်း၍ ရေ (၁) လီ တာတွင် ထည့်စိမ်ပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်ချညှစ် ယူကာ ဆပ်ပြာအနည်းငယ်ရောထည့်ပြီး ပက်ဖျန်းပါ။ ဆေးရွက်ကြီးအရွက် ပင်စည်အခြောက် (၂၅ဝ) ဂရမ်ကို ရေ (၄) လီတာတွင် ထည့်မွှေပါ။ ဆပ်ပြာရည် ထမင်းစားဇွန်း (၂) ဇွန်းထည့်ပေးပြီး မိနစ် (၃ဝ) ကြာ ဖြည်းညင်းစွာ အပူပေးပါ။ ထို့နောက် ပိတ်စိမ်းပါးဖြင့် စစ်၍ ညှစ်ယူပြီး စစ်ကျရည်ကို ရ ယူပါ။ ရရှိလာသော စစ်ကျရည်တစ်ဆ၊ ရေ (၄) ဆ ရော၍ ပက်ဖျန်းပါ။ ငရုတ်သီးမှည့် (၆ဝ) ဂရမ်ကို နုတ်နုတ်စင်းကာ တောအ ရက် (၄) လီတာတွင် ဖျော်စပ်ကာ (၁၄) ရက်ကြာထားပါ။ ထို့ နောက်ပိတ်စိမ်းပါးဖြင့် စစ်ချညှစ်ယူပြီး ရရှိလာသော စစ်ကျ ရည် (၆၅) မီလီလီတာကို ရေ (၅) ဂါလံတွင် ဖျော်စပ်၍ ပက် ဖျန်းပါ။ ငရုတ်သီးမှည့် (၁၂) တောင့်ကို ထုထောင်း၍ တမာစေ့ကြိတ် ရည်တွင် ရောစပ်၍ သမအောင်မွှေပေးပါ။ ပြီးလျှင် ပိတ်စိမ်း ပါးဖြင့် စစ်ချ၍ ညှစ်ယူပြီး ပက်ဖျန်းပါ။ တမာစေ့ဆီ ထမင်းစားဇွန်း (၅) ဇွန်းကို ရေတစ်လီတာတွင် ဖျော်၍ ဆပ်ပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ သ ပျပိုးကျရောက်နေသော အရွက်နှင့်အကိုင်းများကို ဖျက်ဆီး ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။