အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
23
လွန်ခဲ့သော ၁၀ လ က · ညောင်ရွှေ

ဤငွေနှင်းမှိုများကိုခူးယူပြီးနောက် ရေဆက်လောင်းရမည်လား ရေမလောင်းဘဲရပ်နားထားရမည်လား သိချင်ပါတယ် ခင်ဗျာ ?

စိုက်ပျိုးနည်း မှို (ငွေနှင်းမှို) ငွေနှင်းမှိုစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

41 လွန်ခဲ့သော ၁ လ က

မျိုးယူနည်း အစကနေအဆုံးထိ ရှင်းပြပေးပါလား မျိုးယူဖို့အတွက် ဘာတွေ လိုသလဲ အာဟာရကော ဘယ်လုပ်ရမလဲ

41 လွန်ခဲ့သော ၁ လ က

မှိုမျိုးယူချင်တယ် ဘယ်လုပ်ရမလဲ

348,301 လွန်ခဲ့သော ၁၀ လ က

ဆွတ်ခူးရန်သင့်တော်သောမှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာ နှုတ်ယူရပါမည်။ ချိုးဖဲ့ ဖြတ်တောက်၍ မယူရပါ။ ▪️ မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သော ဓါးဖြင့် လှီးပစ်ရပါမည်။ ▪️ လှီးဖြတ်ပြီးသော မှိုထုပ်ကို(၄-၅) ရက်ခန့် ရေမလောင်းပဲ ထားရမည်။ ထိုရက်အတွင်းအထုပ်မျက်နှာပြင် တွင် မှိုမျှင်များပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန်တွင်ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက် လာပါသည်။ ▪️ ထိုနည်းအတိုင်း မှိုထုပ်၏ အောက်ခြေရောက်သည်အထိ (၃-၅) ကြိမ် စိုက်ပျိုးဆွတ်ခူးရယူနိုင်သည်။ အထက်ပါဆောင်းပါးကိုဖတ်ခြင်းအားဖြင့် ခူးယူပြီးနောက် ၄-၅ရက်ခန့်ရေမလောင်းပဲထားရပါမည်။အထုပ်မျက်နှာပြင် တွင် မှိုမျှင်များပြန်လည်ဖြူဖွေးလာပါကရေဖျန်း ပေးရပါမည် ဒုတိယအကြိမ် မှိုပြန်ထွက်လာပါမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။