ဖြေကြားချက် ၁ ခု
ရွက်ခြောက် နှင့် ကိုင်းဖျားခြောက်ရောဂါ(Leaf Blight and Tip Dieback Disease)ကျနေတာပါ ကုသရန် Azoxystrobin+Difenoconazole မှိုဆေးကို စွဲကပ်ပျံ့နှံ့ဆေးဖြင့်ရောစပ်ပြီး အရွက်အထက်အောက်မျက်နှာပြင်နှံ့စပ် အောင်ပက်ဖျန်းပေးပါ။ဆေးဖျန်းခြင်းကို မနက်စောစောသို့မဟုတ် ညနေခင်းမှာဖျန်းပေးပါ။ ဆေးတခါဖျန်းပြီးတိုင်းရောဂါရပ်တန့်ခြင်းရှိမရှိစစ်ဆေးပါ။ ရောဂါမကျ သေးသောအရွက်များ ကူးစက်ပျံ့နှံ့ခြင်းမရှိပါကရောဂါပျောက်ကင်းပြီလို့ယူဆနိုင်ပါတယ်။ရောဂါမပျောက်ကင်းပါက 7-10ရက်ခြားတစ်ကြိမ်ထပ်ဖျန်းပေးရန်လိုအပ်ပါတယ်။ မိုးဆက်တိုက်ရွာလို့ ရောဂါမဖြစ်သေးတဲ့အပင်များကို ရောဂါကာကွယ်ရန် ၁၄ရက်ခြား၍ Mancozebမှိုဆေးဖျန်းပေးနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဒူရင်ပင်လေးတွေ ဘာလို့သေသေသွားကျတာလဲဗျ ရေပုံမှန်လောင်းမယ်တယ် သဘာဝမြေအောဇာထည့်ပေးတယ် အပင်ခြောက်ပြီးသေသေသွားတယ်
ဖြေကြားချက် 5 ခု
အရွက်တွေကဘာဖြစ်တာလည်းဗျ တပင်ကတော့ ရေမြုပ်လို့လာမသိ အရွက်တွေခြောက်ပြီးသေသွားတယ် ခုတပင်ကတော့ ထိပ်ညွန့်နားပိုင်းက...
ဖြေကြားချက် 1 ခု
ဒူးရင်းဆူးမဲမျိုးပါခင်ဗျ အရွက်မှာအဲ့လိုဖြစ်နေတာတော်တော်များပါတယ်ဗျ ရောဂါအမည်နှင့်သုံးစွဲရမည့်ဆေးသိချင်ပါတယ်ဗျာ
ဖြေကြားချက် 2 ခု
No.2 မျိုးဒူးရင်းပါ မြေချစိုက်တာ၁လပြည့်ပါပြီး။အရွက်မှာအဝါစက်တွေများလာလို့ပါဗျ။ ရောဂါအမည် နဲ့ သုံးစွဲရမယ့်ဆေး...
ဖြေကြားချက် 2 ခု
အရွက်မှာဖြစ်နေတာ ပိုးလား မှိုလား မသိလို့ပါခင်ဗျာ....မှိုးဆေးနဲ့ပိုးဆေးတကြိမ်ဆီဖျန်းပြီးပါပြီးဗျ... ပိုးဆေးက...
ဖြေကြားချက် 3 ခု