အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
860
လွန်ခဲ့သော ၁၀ လ က · မြောင်းမြ

ဆောင်းရာသီမှာဘိုကိတ်ပဲကိုကြဲပက်စိုက်ပျိုးရင်တစ်ဧကဘယ်နှစ်ပြည်သုံးရမလဲ ခုတ်ဖုံးနည်းနဲ့ရောကြဲပက်လို့ရပါသလား

စိုက်ပျိုးနည်း ဘိုကိတ် ဘိုကိတ်မြေသြဇာကျွေးနည်း

ဖြေကြားချက် ၃ ခု

349,542 လွန်ခဲ့သော ၁၀ လ က

“ဘိုကိတ်ပဲ စိုက်ပျိုးနည်း” 🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿 🌿မူရင်းဒေသ🌿 ဘိုကိတ်ပဲ၏ မူရင်းဇာတိမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပါသည်။ ၎င်း ဘိုကိတ်ပဲမျိုးကို မြန်မာနိုင်ငံသို့ ယူဆောင်လာသူမှာ မစ္စတာဘရေတွန်ကေ့စ် (Mr Brayton Case) ဆိုသူပင်ဖြစ်ပါသည်။ 🫘ဘိုကိတ်ပဲ အမည်ဖြစ်ပေါ်လာပုံ🫘 မစ္စတာကေ့စ်က အသားဖြူဖြူ၊ မျက်လုံးပြာပြာ၊ နှာခေါင်းက ချွန်ချွန်ရှည်ရှည်၊ အရပ်မြင့်မြင့် ဖြစ်ပါသည်။ အရင်အင်္ဂလိပ်ခေတ်က ထိုကဲ့သို့ရုပ်ရှည်ရှိတဲ့သူတွေကို "ဘို" ဟု ခေါ်ဝေါ်ကြပြီး သူ့အမည် Case (ကေ့စ်)ကိုလည်း မြန်မာတို့နားထဲတွင် "ကိတ်" လို့ပဲ ကြားပုံရပါသည်။ သူတင်သွင်းလာပီး စိုက်ပျိုးဖြန့်ဖြူးခဲ့တဲ့ ပဲကို "ဘိုကိတ်ပဲ" လို့ ခေါ်ရာကအစ ယနေ့တိုင် မြန်မာတဝှမ်းလုံးက "ဘိုကိတ်ပဲ"လို့ ခေါ်ကြပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ ယခုထိ စိုက်ပျိုးနေကြဆဲဖြစ်သည် ဟု ဆိုကြပါသည်။ 🌿ရာသီဥတု🌿 စိုစွတ်တဲ့မိုးရာသီမှာ စိုက်တာများပြီး ခြောက်သွေ့တဲ့ နွေရာသီမှာလည်း ရေသွင်းစိုက်လေ့ရှိကြပါသည်။ အလွန်အေးပြီး နှင်းကျတဲ့ရာသီဥတုကိုတော့ နှစ်သက်လေ့မရှိပါ။ 🫘မြေအမျိုးအစား🫘 ရေစီးဆင်းမှုကောင်းပြီး မြေအချဥ်ငံဓာတ် (၆.၅ - ၇) လောက် ရှိတဲ့ နုန်းမြေ၊ သဲနုန်းမြေတွေက အသင့်တော်ဆုံးမြေဖြစ်ပါတယ်။ ၎င်းမြေများသည် ရေမြုပ်ခြင်းကိုလည်း ရှောင်လွဲပေးနိုင်ပါသည်။ 🌿စိုက်ပျိုးချိန်🌿 အများအားဖြင့် ဧပြီလ မှ အောက်တိုဘာလ အစောပိုင်းလောက်အထိ စိုက်ပျိုးကြပါသည်။ 🫘မြေပြုပြင်ခြင်း🫘 မစိုက်ခင်မှာမြေကို ထယ်ထိုး၊ ထွန်မွှေပြီး ရိုးပြတ်တွေနဲ့ အမှိုက်မှန်သမျှကို ရှင်းလင်းပေးပါ။ သို့မှသာ ပေါင်းမြက်ပေါက်ရောက်မှုကို အနည်းဆုံးအနေအထားထိ လျော့ချနိုင်မှာလည်းဖြစ်ပါသည်။ 🌿မြေဩဇာထည့်ခြင်း🌿 ဘိုကိတ်ပဲသည် ကိုယ်တိုင်နိုက်ထရိုဂျင်ထုတ်ပေးသော သီးနှံမျိုးဖြစ်သည်။ တစ်ဧကအတွက် နွားချေး (၇)စီး၊ ပုလဲ(၇) ပြည်၊ ပိုတက် (၁၂)ပြည်၊ တီစူပါ(၂၂) ပြည်ကို မြေခံအဖြစ်ထည့်ပေးရပါမည်။ 🫘စိုက်ပျိုးခြင်း🫘 ▪️ မစိုက်ခင်မှာ မျိုးစေ့များကို မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ထားပေးပါ။ ▪️ တစ်ဧကလျှင် မျိုးစေ့နှုန်းထား (၆-၈) ပြည်နှုန်း အသုံးပြုပေးရပါမည်။ ▪️ စိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချစိုက်လေ့ရှိပြီး ကျင်းအနက် တစ်လက်မလောက် တစ်ကျင်းကို (၂) စေ့နှုန်းနှင့် စိုက်ပါ။ တစ်ကျင်းနဲ့တစ်ကျင်း အကွာအဝေးကို (၆) လက်မခြားပေးပြီး တန်းကြားကို (၁၂) လက်မခန့်ထားပေးရပါမည်။ 🌿ရေသွင်းပေးခြင်း🌿 မိုးရာသီမှာစိုက်လျှင် ရေသွင်းရန်မလိုသော်လည်း နွေရာသီမှာစိုက်လျှင် ရေသွင်းပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် အပင်ပေါက်ချိန်နှင့် အစေ့ဆံတည်ချိန်တွေမှာ ရေလိုအပ်ပါသည်။ Sprinkler နည်းနဲ့ ရေပေးမည်ဆိုလျှင် တစ်နေ့ကို (၂-၄) နာရီလောက်ရေပေးပေးပါ။ 🫘ပေါင်းမြက်ရှင်းခြင်းနှင့် ကျရာက်တတ်သောပိုးမွှားရောဂါများ🫘 ▪️ ပဲသက်တမ်းတစ်လျှောက်လုံးမှာ (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးရန် လိုအပ်ပါသည်။ ▪️ အဓိကကျရောက်တတ်သည့်ပိုးမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးဖြစ်ပြီး ပျ၊ ယင်ဖြူ နှင့် အဝါရောင် မိုစေ့ဗိုင်းရပ်စ်ရောဂါလည်း ကျရောက်တတ်ပါသည်။ ထိုသို့ဖျက်ပိုး နှင့် ရောဂါကျရောက်မှုကို ကာကွယ်နိုင်ရန် ပဲပင်(၁၅)ရက်သားကျော်လျှင် ဝိစာရ၏ “နိုးဝမ်း၊ ကေလာ၊ အီမာလန်ဒါ၊ ပရိုဆင့်” ဆေးများကို ဆေးညွှန်းပါအတိုင်း ရွေးချယ်အသုံးပြုပေးရပါမည်။ 🌿ခူးဆွတ်ရိတ်သိမ်းခြင်း🌿 ပျမ်းမျှအားဖြင့် စိုက်ပြီး ရက်ပေါင်း(၉၀-၁၂၀)ခန့် အကြာတွင် ခူးဆွတ်ကြပါသည်။ (သို့မဟုတ်) သီးထောင့်၏ ၉၅ % ဝါညိုရောင်ပြောင်းလာသည့်အချိန်တွင် ခူးဆွတ်ကြပါသည်

860 လွန်ခဲ့သော ၁၀ လ က

အခုကျွန်တော်တို့ဘက်မှာမိုးကများနေသေးတယ်လယ်ထဲမှာရေတွေရှိနေသေးတော့ ဘယ်သီးနှံစိုက်ပျိုးသင့်လဲ ဘိုကိတ်ကိုဘယ်လိုစိုက်ရမလဲ

349,542 လွန်ခဲ့သော ၁၀ လ က

နိုဝင်ဘာလထဲရောက်သွားပြီမို့ ရာသီဥတုအေးလာရင်စိုက်ပျိုးရန်မသင့်တော်တော့ပါဘူးခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဘိုကိတ်ပဲမျိုးဘယ်မှာဝယ်လို့ရမလဲ စားသုံးရန်ရောင်းတဲ့ပဲကိုဝယ်စိုက်လို့ရလား အကြဲပေးပါအုံး

ဖြေကြားချက် 2 ခု

ဘိုကိတ်ပဲကတစ်တင်းကိုဘယ်နှစ်ပိဿာရှိမလဲ

ဖြေကြားချက် 1 ခု

ဘိုကိတ်ပဲကို မခူးဘဲနဲ့ တစ်ပြိုင်နက်တည်းသိမ်းလို့ရမယ့်ပဲမျိုးရှိပါ့မလားလုပ်သားတွေရှားပါးလို့ ဘိုကိတ်ပဲကပဲတီ...

ဖြေကြားချက် 1 ခု

ဘိုကိတ် ပဲက ပင်ထောင် ပဲနဲ့ ပင်ပြန့်ပဲ ဘယ်လိုခွဲလဲ စျေးထဲမှာအနီရောင်လေးတွေပါတာနဲ အမဲရောင်နဲ့နှစ်မျိုးတွေ့နေလို့...

ဖြေကြားချက် 0 ခု

အပင်ရဲ့အရွက်တွေမှာဒီလိုတွေဖြစ်နေပါတယ်။ အပေါ်မျက်နှာပြင်ရောအောက်မျက်နှာပြင်ရောဖြစ်နေတာပါ။မနေ့က မိုရယ်လ်မုန်း...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။