အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,737
လွန်ခဲ့သော ၁၀ လ က · ချောက်

ဆရာရေသေချာလေးကြည့်ပေးပါအူး ပုံပါခရမ်းချဥ်ပင်အတွက် ဆရာညွှန်တဲ့အတိုင်း ss ပို့ပီးဆေးမှာလိုက်တာ ဂရန်း နဲ့ မင်းသား...

ဆရာရေသေချာလေးကြည့်ပေးပါအူး ပုံပါခရမ်းချဥ်ပင်အတွက် ဆရာညွှန်တဲ့အတိုင်း ss ပို့ပီးဆေးမှာလိုက်တာ ဂရန်း နဲ့ မင်းသား ထည့်ပေးလိုက်တယ်ဗျ အဲ့ဆေးတေဖျန်းလို့ရလားဆရာ ဘယ်ချိန်မျိုးတွေမှာဖျန်းရမလဲဆရာ အေဇိုတက်ဖျန်းထားတာ ၂ ရက်ပဲရှိသေးတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၉ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

အပင်ပြလက္ခဏာအရ septoria leaf spot လို့ယူဆပါတယ်။ နည်းနည်းနောက်ကျနေပြီ။ အရွက်တွေဝါတာတွေ ညှပ်ပစ်ပါ။ ကော့ပါး ဆေးတမျိုးမျိုးဖျန်းပါ။ အစာနဲ့ရေ ပေးပါ။၇ရက်စောင့်ကြည့်ပါ။

9,737 လွန်ခဲ့သော ၁၀ လ က

ကုလို့ရမယ်ဆိုရင်တောင် ဆေးတေကတလွဲတွေ ဖြစ်နေပြီလေဆရာ ဆေးစျေးတေကလဲ တစ်ပုံးကို 10000 လောက်ကျနေတော့😌😌

347,513 လွန်ခဲ့သော ၁၀ လ က

ကုလို့ရပါတယ်ဗျ၊ ဆေးဖျန်းပြီးရင်ရောဂါဆက်လက်ပျံ့ပွားခြင်းမရှိနိုင်လောက်ပါဘူးဗျ၊ အစာကျွေး၊ရေပေးမယ်ဆိုပြန်ကောင်းလာမှာပါ၊

9,737 လွန်ခဲ့သော ၁၀ လ က

အပင်တွေကိုရရင်တော့ ကုချင်ပါတယ်ခင်ဗျ ဒီဘက်မှာခရမ်းချဥ်စျေးကကောင်းနေတော့ ကုချင်ပါတယ်

9,737 လွန်ခဲ့သော ၁၀ လ က

ဆရာတို့ခင်ဗျ ဂရန်း 600 5 ဇွန်း မင်းသား 3 ဇွန်းကို နှစ်ရက်ဆက်တိုက် ဖျန်းလို့ပြောပါတယ်ဆရာတို့ခင်ဗျ အတာပီးအပင်တွေ ရွှဲလာလိမ့်မယ်လို့ပြောပါတယ်ခင်ဗျ

9,737 လွန်ခဲ့သော ၁၀ လ က

အဆိုအဆင်မပြေဘူးပေါ့ဆရာရယ် အားမရှိတော့ဘူး😌😌 Dimethomorph နဲ့ copper အရောရှိတယ်တဲ့ဒါပေမဲ့အပင်တေ ကြည့်ပီး ဂရမ်းကနှောင်းပင်ကျနာအတွက်ပိုကောင်းတယ်ဆိုပြီး အတာတေထည့်ပေးလိုက်တယ်ဆရာရယ် လုပ်ရတာလဲအားမရှိဘူး😌😌😌

347,513 လွန်ခဲ့သော ၁၀ လ က

အင်တာနက်အခက်အခဲတွေကြောင့် အကြံပြုရတာအားမရဖြစ်မိပါတယ်ဗျ

347,513 လွန်ခဲ့သော ၁၀ လ က

Cymoxanil+ Dimethomorph, Propamocarb hydrochloride တစ်မျိုးမျိုးဖျန်းပေးနိုင်မှထိရောက်ပါမယ်ဗျ၊မကျသေးသောအပင်တွေ ကာကွယ်ချင်ရင် ဂရန်းဖျန်းပေးလို့ရပါတယ်၊ရောဂါကျအပင်တွေတော့ ထိရောက်မှုနည်းပါမယ်ဗျ၊ မင်းသားဆေးပါဝင်ပစ္စည်းတော့ အင်တာနက်ပေါ်ရှာမရလို့ အကြံမပြုနိုင်ပါဗျ

347,513 လွန်ခဲ့သော ၁၀ လ က

ပုံတှကေကွည့ျမရဖွဈနလေို့ပါဗြ

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ ဘာဖြစ်တာလဲဗျဘယ်လိုပြုပြင်ရမလဲ စိုက်လို့အစင်ပြေမလား

ဖြေကြားချက် 2 ခု

ဆရာရေ ခရမ်းချဥ်ပင်တွေအကုန်လုံး အလိုမျိုးတွေချည်ဖြစ်သွားလို့ အေဇိုတက် ၂ ကြိမ် မန်ကိုဇက် + မက်တလဇီး ၁ ကြိမ် ဖျန်...

ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်ရွေ့စိုက်ပြီးတပတ်သားကိုမန်ကိုဇက်ဖြန်းလိုက်တာအရွက်တွေအောက်ဖက်သို့ကွေးကုတ်နေလို့ဘာဖြစ်တာလဲခင်ဗျ

ဖြေကြားချက် 1 ခု

အပွင့်ကြွေပြီးအသီးမတင်တော့လိုအရွက်နူကုတ်အရွက်တွေကျွတ်နေလို့ဆရာ

ဖြေကြားချက် 3 ခု

ညနေ ဒီဆေးနှစ်မျိူးကို ဖျန်းလိုက်မယ်ဆရာ ဆရာညွှန်တဲ့ဆေး နှစ်မျိုးလဲ ဒီနေ့မှာထားပါတယ်ဆရာ ဒီနေ့က ကားမထွက်တော့ မနက်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။