အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
362
လွန်ခဲ့သော ၁၀ လ က · စလင်း

အပွင့်ကြွေပြီးအသီးမတင်တော့လိုအရွက်နူကုတ်အရွက်တွေကျွတ်နေလို့ဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၈၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
အပင်အာဟာရ ခရမ်းချဉ် ငရုတ်လှေးပိုး
Post image

ဖြေကြားချက် ၃ ခု

347,839 လွန်ခဲ့သော ၁၀ လ က

ယင်ဖြူကျရောက်မှုရှိမရှိစစ်ဆေးပေးပါ

347,839 လွန်ခဲ့သော ၁၀ လ က

ရောဂါသည် လယ်ယာမြေအတွင်းသို့ ရောက်ရှိသွားပါက ထိန်းချုပ်ရန် ခက်ခဲသောကြောင့်၊ ရောဂါပိုးကင်းစင်သော မျိုးစေ့များ သို့မဟုတ် ပျိုးပင်များကိုသာ အသုံးပြုပါ။ရောဂါပိုးပျံ့နှံ့မှုကို အနည်းဆုံးဖြစ်စေရန်အတွက် အရွက်များ စိုစွတ်နေချိန်တွင် ရောဂါကျရောက်သည့်နေရာများ၌ အလုပ်လုပ်ကိုင်ခြင်းကို ရှောင်ရှားပါ။ ရောဂါရှိသောနေရာတွင် လုပ်ကိုင်ပြီးနောက် ကိရိယာများကို ပိုးသတ်ဆေးဖြင့် ဆေးကြောပါ (ဥပမာ- 10% Chlorox ဖြင့်)။ အပင်ပေါ်မှ ရေလောင်းခြင်းကို ရှောင်ပါ။ ပျိုးဘောင်များတွင် မိုးကာအမိုးအကာများ ပြုလုပ်ပေးခြင်းသည် မိုးပက်ခြင်းနှင့် ရောဂါပြင်းထန်မှုကို လျှော့ချရန် ကူညီနိုင်သည်။ ရောဂါမကျသော လက်ခံမဟုတ်သည့် သီးနှံများ (non-host crops) ဖြင့် ၂ နှစ်မှ ၃ နှစ် ကြာ သီးနှံအလှည့်ကျ စိုက်ပျိုးခြင်းကို ကျင့်သုံးပါ။ ဓာတုဆေးအသုံးပြုနှိမ်နင်းခြင်း: Streptomycinဆေးများ ကော့ပါးအုပ်စုဆေးများ၊ ဘစ်စမာသိုင်ယာဇိုးလ်(Bismerthiazol)၊ ကာဆူဂါမိုင်စင်(Kasugamycin)၊ အောက်စ်လင်းနစ်အက်စစ်(Oxolinic Acid) ဆေးတစ်မျိုးမျိုးကို ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သည်အထိ (၇-၁၀) ရက်ခြား၍ဖျန်းပက်နှိမ်နင်းပေးပါ။ ဤနည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ဘက်တီးရီးယား အစက်အပြောက်နှင့် အနက်စက် ရောဂါများ၏ ဖျက်စီးမှုဒဏ်ကို လျော့ပါးသက်သာစေနိုင်မည် ဖြစ်ပါသည်။

347,839 လွန်ခဲ့သော ၁၀ လ က

ဘက်တီးရီးယားအနက်စက်ပြောက်ရောဂါကျနေတာဖြစ်ပြီး လှေးပိုးကျရောက်မှုရှိမရှလည်းစစ်ဆေးပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။