အသီးပိုးထိုးများနေပါတယ်ဘယ်လိုလုပ်ဆောင်ရမလဲ အကြံညာဏ်လေးပေးပါ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၇၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အသီး အရွက်
ခရမ်းသီးပင် အသီးပိုးထိုးတာကို ကာကွယ်ဖို ပိုးကျနေတဲ့ အသီးတွေနဲ့ အညွန့်တွေကို ဖြတ်ပြီး ဖျက်ဆီးပစ်တာက အရေးကြီးပါတယ်။ Pheromone traps တွေ၊ ကော်ကပ်စက္ကူတွေ အသုံးပြုပြီး ပိုးကောင်တွေရဲ့ မျိုးပွားမှုကို လျှော့ချနိုင်ပြီး ပိုးကျရောက်မှုကို စောင့်ကြည့်နိုင်ပါတယ်။ သဘာဝပိုးသတ်ထဲကဆိုရင် တမာပိုးသတ်ဆေးကို အပတ်စဉ်ဖျန်းပေးနိုင်ပါတယ်။ ခရမ်းပင်တွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းသီးတွေ ဘာဖြစ်သလဲဗျ
ဖြေကြားချက် 1 ခု
ခရမ်းသီးလုံးဖောက်ပိုး အရမ်းကျနေလို့ နောက်တော့ ခရမ်းပင်တေလဲ ပင်ညိုးရောဂါတေဖြစ်ပြီးစိုက်ခင်း တစ်၀က်လောက်နီးပါး...
ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေးခင်ဗျာ ခရမ်းသီး (အစိမ်းသီး)သီးလုံးဖောက်ပိုးကိုဖျန်းတဲ့Aiလေးသိချင်ပါတယ် (အမဲနက်နဲ့အဆက်)တွဲဖျန်းထား...
ဖြေကြားချက် 4 ခု
ခရမ်းခေါင်းသီး သီးလုံးဖောက်ပိုးအရမ်းဆိုးပါတယ်ဗျာ အပွင့်ထဲကအသီးကင်းထွက်စမှာတင် ခြင်ထိုးပြီးပိုးကပါလာပြီ အလုံးအ...
ဖြေကြားချက် 1 ခု
နတ်တော်လမှာ ခရမ်းနဲ့ သခွားစိုက်လို့ရလားဗျ(ရှမ်းပြည်မြောက်ပိုင်း၊သဲမြေမှာ စိုက်ပျိုးတာပါ)
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။