စပါးဘက်တီးဒီးယားပိုးကိုဘယ်လိုနိမ်နှင်းရမလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၄၀ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
(၉) ရောဂါပိုးအမည် ‒ ဘက်တီးရီးယားရွက်ခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Xanthomonas oryzae pv. Oryzicola ကာကွယ်နှိမ်နှင်းနည်း စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန်အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိသော စပါးမျိုးများ စိုက်ပျိုးခြင်းဖြစ်သည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှု ဗီဇများမတူညီကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသောမျိုးသာ အဓိကကျရောက်နိုင်သည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများစိုက်ပါက လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက်မျိုးကွဲများနှင့် ယှဉ်တွဲစိုက်သင့်ပါသည်။ရောဂါကင်းသော စိုက်ခင်းမှအောင်မြင်သော မျိုးစေ့ကို သုံးရန်၊ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင် ဆောင်ရွက်ရန်၊ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်၊ အာဟာရဓာတ်ကိုစုံလင်စွာ အသုံးပြုရန်၊ နိုက်တြိုဂျင်ဓါတ်မြေသြဇာ လျော့သုံးရမည်ဖြစ်ပြီး ပိုတက်မြေသြဇာကို များများသုံးပေးရန်၊ ရေသွင်း၊ရေထုတ် မှန်မှန်ပြုလုပ်ပေးရန် ရောဂါဒဏ်ခံနိင်ရည်နည်းသော စပါးမျိုးအားတစ်ကွင်းတစ်ဆက်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုရန်၊ ပေါင်းမြက် ၊ကောက်လေများ၊ စပါးရိုင်းများ ရှင်းလင်းပေးရန်၊ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း မြန်မြန်ဆွေးအောင် ဆောင်ရွက်ရန်နှင့် BLB ရောဂါစတင်ကျရောက်လျှင် အောက်ပါဆေးများ အသုံးပြုပက်ဖျန်းပါ။ Kasugamycin (ကာစူကာမိုက်စင်) Copper ပါဝင်သောမှိုသတ်ဆေးများ Oxolinic acid Bismerthiazol ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်သည်
ဆက်စပ်မေးခွန်းများ
Gw11 မိုးစပါး 50ရက်သားပါ အရွက်ဖျားတေ ပုံပါအတိုင်း ခြောက်နေလို့ ဘာကြောင့်လဲဗျ မှိုလားဗျ
ဖြေကြားချက် 1 ခု
စပါးပင် 40ရက်သား ပုလဲ တစ်ဧက 15ပိသာကျွေးထား(လွန်ခဲ့သော ၇ရက်ခန့်က) ယခုလက်ရှိ အပင်ဖျားတွင် ပုံပါအတိုင်းဖြစ်နေ ရော...
ဖြေကြားချက် 2 ခု
ဒါကပိုတက်ဆီယမ်ချို့တဲ့တာလား စပါးဘတ်တီးရီးယာယရောဂါလားခင်ဗျ
ဖြေကြားချက် 1 ခု
ဆရာတို့စပါးကိုbacteriaရောဂါမဝင်အောင်ဘယ်ကာကွယ်ရမလဲဆရာ
ဖြေကြားချက် 1 ခု
ဆရာတို့စပါးကိုBacteriaနဲ့ဖြုတ်ပိုးနဲ့ဘယ်လိုခွဲတယ်ဆိုတာလေးပြောပေးပါဆရာ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။