ဖြေကြားချက် ၁ ခု
မျိုးနာမည်အတူတူပင်ဖြစ်နေ၍ ထုတ်လုပ်သည့် ဌာနကွဲပြားသွားတညဖြစ်နိုင်ပါတယ်။ ရေဆင်းစပ်မျိုးနေကြာ−၁: သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူးဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာတွင် ကျရောက်တတ်သော နေကြာရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍ အချင်း ၅ လက်မမှ ၉ လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ ရှိသည်။ အစေ့အရွယ်အစားကြီးမား၍ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၅ မှ ၅၀ ရှိသည်။ ဆီပါဝင်မှုများ၍ ၄၈ မှ ၅၁ ရာခိုင် နှုန်းပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း၊ ဝတ်မှုန်ကူးပေးရန် မလိုအပ်ဘဲ တစ်ဧကအထွက် ၅၅ တင်း မှ တင်း ၆၀ ထွက်နိုင်သောမျိုးဖြစ်ကြောင်း သိရပါသည်။ ယခုမျိုးအိတ်တွေကဆီထွက်အကောင်းဆုံးမျိုးဖြစ်ပါတယ်ဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံပါအတိုင်းစပါးရိတ်ပြီးရိုးပြတ်ထဲနေကြာမျိုးပတ်ပြီးရိုးပြတ်ငုတ်စက်ရမ်းပြီးခုပ်ရုံနဲ့အဆင်ပြေမလားခဗျထယ်ရေးမလုပ်...
ဖြေကြားချက် 1 ခု
နေကြာက10လပိုင်းခုချိန်စိုက်ရင်ရလား ဘယ်လတေမာစိုက်တာအကောင်းဆုံးလဲ မြေနီတွေမာနေကြာအပွင့်မကြီးတာဘာကြောင့်လဲ အရေး...
ဖြေကြားချက် 3 ခု
နေကြာမစိုက်ဖူးလို့ပါခင်ဗျ ထယ်မထိုးပဲပေါင်းသတ်ဆေးဖြန်းပီး။ နေကြာစေ့ကိုရေစိမ်ပီးကြဲလို့ရလားခင်ဗျ ဘယ်လိုနေကြာ...
ဖြေကြားချက် 3 ခု
ဆရာကိုသိန်းစိုးမင်းခင်ဗျ နေကြာတွေအစေ့မအောင်တာ၂နှစ်လောက်ရှိပါပြီ မျိုးစေ့ထုတ်လည်းသုံးပါတယ် မြေဩဇာလည်းကျွေးပါတယ်...
ဖြေကြားချက် 1 ခု
ကျက်တီးမြေမှာ ဘာပင်စိုက်လို့ရမလဲ
ဖြေကြားချက် 2 ခု