ဖြေကြားချက် ၂ ခု
ရက် ၃၀ ထက်ကျော်ရင်ရောကောင်းသလားဆရာ။
ငါး (Fish / Fish Meal): နိုက်ထရိုဂျင် (Nitrogen - N) ကြွယ်ဝစွာပါဝင်ပြီး အပင်ကြီးထွားမှု၊ အထူးသဖြင့် အရွက်တွေ စိမ်းစိုဖို့အတွက် အဓိကအားပေးပါတယ်။ ဖော့စဖရပ်စ် (Phosphorus - P)၊ ပိုတက်စီယမ် (Potassium - K) နှင့် အခြား အသေးစားအာဟာရဓာတ်များ (Micronutrients) လည်း ပါဝင်ပါတယ်။ နှမ်းဖတ် (Sesame Oil Cake / Oilcake): ပရိုတင်း (Protein) ကြွယ်ဝပြီး၊ အချဉ်ဖောက်တဲ့အခါ နိုက်ထရိုဂျင် (N) အဖြစ် ပြောင်းလဲပေးပါတယ်။ ဖော့စဖရပ်စ် (P)၊ ကယ်လ်စီယမ် (Calcium - Ca) နှင့် မဂ္ဂနီဆီယမ် (Magnesium - Mg) စတဲ့ အဓိကအာဟာရဓာတ်များ လည်း ပါဝင်ပါတယ်။ သို့သော် fermentation ကာလ ရက်၃၀ခန့်ထားသင့်ပါတယ်။ fermentation ကာလ မပြီးမြောက်ပဲ အပင်တွေသုံးမိရင် plant phyto toxicဖြစ်နိုင်ပါတယ်။ ခြုံပြောရရင်၊ အပင်အတွက် သဘာဝ အာဟာရပေးစွမ်းနိုင်တဲ့ fermentation fertilizer တမျိုးဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒေသသစ်မာ လွှစာ တွေ ကို ဆွေးမြှေ့လွယ်ပြီး မှို စိုက်ပျိုးနိုင်စေရန် မည်သို့ပြုလုပ်သင့်သနည်း
ဖြေကြားချက် 2 ခု
မီးဖိုချောင်စွန့်ပစ်ဟင်းသီးဟင်းရွက်အကြွင်းအကျန်များမှ ဆန်ဆေးရေနဲ့စိမ်ပီးအပင်ရင်းမှာလောင်းခြင်းဖြစ် အကျိုးကျေး...
ဖြေကြားချက် 2 ခု
ကုလားပဲခင်းကိုပုလဲလက်ချားငါးအမိုင်နိုတွဲဖျန်းချင်တာဆခါးပါထည့်ဖျန်းရမှာလားဗျ
ဖြေကြားချက် 2 ခု
မလေးရှားမှာတော့တွင်ကျယ်စွာသုံးကြပါတယ်။မီးဖိုချောင်ထွက်ဟင်းသီးဟင်းရွက်တွေကိုဆန်ဆေးရေနဲ့စိမ်ပီးရလာတဲ့အရေတွေကို အ...
ဖြေကြားချက် 1 ခု
ဒီနှစ်ပဲရာသီမှာPGR.upသဘာဝရွက်ဖျန်းမြေဩဇာဖျန်းလို့အဆင်ပြေနိုင်မလားဆရာမနှစ်ကတော့သုံးခဲ့ပါတယ်
ဖြေကြားချက် 2 ခု