အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၉ လ က · ဒီပဲယင်း

ပင်စည်ရိုးမဲကိုကာကွယ်မည့်နည်းလမ်းသိချင်တယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
အပင်အာဟာရ စပါး စပါးပင်စည်ပုပ်ရောဂါ
Post image
Post image

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၉ လ က

ပင်စည်ရိုးမဲရောဂါတော့မရှိပါဘူး ပင်စည်ပုပ်ရောဂါကို ပြောတာလားဗျ ရောဂါပိုးအမည် ‒ စပါးပင်စည်ပုပ်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒Helminthosporium sigmoideum (Magnaporthesalvinii ) ကာကွယ်နှိမ်နှင်းနည်း အထူးသဖြင့် အပင်ယိုင်လဲမှုမရှိသောမျိုးများကိုအသုံးပြုရမည်။ ရိတ်သိမ်းပြီးကောက်ရိုး၊ရိုးပြတ်နှင့်ပင်ကြွင်းပင်ကျန်များကိုမီးရှို့ရမည်။ ရေမသွင်းမီမြေကိုပတ်ကြားအက်အောင်ထားပြီးမှရေသွင်းပါ။ နိုက်ထရိုဂျင်နှင့်ဖော့စဖော့ရပ်ဓါတ်မြေသြဇာကိုလွန်ကဲစွာအသုံးမပြုရန်နှင့်ရောဂါပြင်းထန်မှုလျော့နည်းပိုတက်စီ ယမ်မြေသြဇာကိုထည့်သွင်းပေးပါ။ေရာဂါကျစပါးခင်းများကိုဖြတ်၍ ရေသွင်းရေထုတ် မပြုလုပ်မိစေရန် ဂရုစိုက်ပါ။ ပင်ပွားထွက်ချိန်တွင် ရေနက်နက်သိုလှောင်ထားခြင်းကိုရှောင်ပါ။ ရေကိုလုံလောက်ရုံသာပေးသွင်းထားခြင်းဖြင့်ဤရောဂါကိုကာကွယ်နိုင်သည်။ - အောက်ပါမှိုသတ်ဆေးများပက်ဖျန်းအသုံးပြုပါ။ (က) Propiconazole (ပရိုပီကိုနာဇိုး) ( ခ ) Chlorothalonil (ကလိုရိုသာလိုနေး) ( ဂ ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) (ဃ) Benomyl (ဘီနိုမိုင်း)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီစပါးခင်းလေးက ပုလဲကြွေးထားတာ ကြာပီခဗျ ဖြုတ်ကတော့ တော်တော် လေးများပါတယ် ရွက်ဖျားခြောက်တာလဲရှိတယ် ရွက်းဖုန်းလဲ...

ဖြေကြားချက် 1 ခု

ဆရာတို့ကျွန်တော်စပါးဘာပိုးစားတာလဲဗျ..ကြွက်ကိုက်တာလား

ဖြေကြားချက် 3 ခု

လက်ရှိကျွန်တော်တင်ထားသည့်စပါး၌ကြရောက်နေသော့ပုံပါပို့အတိုင်းဖြစ်နေပါသဖြှင့် ဆေးဝါးကျွမ်းကျင်သူပညာရှင်များအကူညီ...

ဖြေကြားချက် 1 ခု

စပါးပင်တေ ‌အချို့နေရာတေမှာ ခြောက်ပီးသေနေပါတယ်ခင်ဗျာ ကျန်တော်ပီးခဲ့တဲ့ 3ရက်လောက်ကတော့ ဇိုင်းကလုံး ကို ရေ15 လီတာ...

ဖြေကြားချက် 8 ခု

စပါးပင်ထိပ်တွေဝါပြီးပင်စည်မှာအမဲစက်တွေတွေ့ရလို့မှော်ဘီ၃ပါခင်ဗျာသက်တမ်းကတော့၆၀ရက်သားရှိပါပြီးဘာရောဂါကျရောက်နေပါ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။