ဖြေကြားချက် ၇ ခု
မောင်သန်းတိုးအောင် မင်းလယ်မှာစပါးပြီးဘာစိုက်လဲမိုးစပါးရိပ်ချိန်တွင်ရေအချေအနေကြည့်ပြီးပိုက်ဆန်လျှော်းလေးပြီကိုခုတ်ဖုုံးသို့မဟုတ်ရေကျနောက်စိုက်ကျဲထားပါနှစ်လသားသို့မဟုတ်မြေအစိုဓာတ်ရှိနေရင်ဆက်ထားပြီးပိုက်ဆံလျှော်ပင်များကိုထယ်ထိိုးပြီးသစ်စိမ်းမြေသညဇာပြုလုပ်ပြီးစပါးစိုက်ပါစပါးကို p နဲ K ဘဲထဲ့စိုက်ပါအထွက်တွက်တိုးစေရမယ်
ကန်သင်းပေါ်နေရာကျယ်တဲ့တနေရာမှာ၊ပဲမှော်တွေ၊ရိုးပြတ်တွေကိုပုံထားပါ။နွားချေး၊ကြက်ချေး ရရာ စုပုံထားပါ။ မြန်မြန်ဆွေးလေ၊ကောင်းလေပါပဲ။ စပါးထွန်မပြင်ခင်တလကြိုပြီး ထည့်ပါ။ ရိုးပြတ်တွေ၊ပဲမှော်တွေဖြန့်ပြီး၊အီးအမ်၊ထရိုင်ကိုဒါးမား ဖျန်းပါ။ပြီးမှ ထယ်ထိုး၊ထွန်မွှေပါ။ မစိုက်မီ နောက်ဆုံးထယ်ရေးမှာ၊ေမြခံအဖြစ်(၁၉:၇:၈ ဟူးမစ်)၁အိတ်+gypsum2အိတ်+ကေဟူးမစ်၂ထုပ် ရောပြီးပက်ပါ။ အဲဒီအဆင့်အရင်လုပ်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးအထွက်မတိုးလို့ဆရာ မြေသြဇာလဲကျွေးတာပဲ မြေသြဇာလဲသုံးဆတစ်ဆပတ်တာပဲ မထွက်ဖူးဆရာ လမ်းညွန်ပေးပါဆရာ
ဖြေကြားချက် 3 ခု
စပါးအထွက်တိုးပြီး ပိုးရောဂါဒဏ်ခံနိင်တဲ့စပါမျိုးအမည် ပြောပေးပါဆရာ
ဖြေကြားချက် 3 ခု
စပါးပင်တေ အချို့နေရာတေမှာ ခြောက်ပီးသေနေပါတယ်ခင်ဗျာ ကျန်တော်ပီးခဲ့တဲ့ 3ရက်လောက်ကတော့ ဇိုင်းကလုံး ကို ရေ15 လီတာ...
ဖြေကြားချက် 8 ခု
စပါးမတက်လို့ပါ
ဖြေကြားချက် 1 ခု
မှော်ဘီကောက်ညှင်းသက်တမ်းလေး သိရင်ပြောပြပေးပါခင်ဗျာ။
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ