အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
530
လွန်ခဲ့သော ၈ လ က · အိမ္မဲ

နွား CPPV Vius ကုသနည်းလေးတင်ပေးကြပါ

မွေးမြူနည်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၈ လ က

ကုသနည်း နားလည်တတ်ကျွမ်းတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသပေးသင့်ပါတယ်။ ရောဂါ ၃ မျိုးစလုံးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတာမို့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆက်တွဲ ဝင်ရောက်လာမယ့် ဘက်တီးရီးယားရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပဋိဇီဝဆေးဝါးများကို ထိုးနှံနိုင်ပါတယ်။ အဖျားကျဖို့နဲ့ နာကျင်မှုသက်သာစေဖို့အတွက် စတီးရွိုက်မပါတဲ့ အရောင်ကျဆေး (NSAID) တွေထိုးနှံပေးနိုင်ပါတယ်။ တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ် ထဲမှာရောက်ရှိနေတဲ့ ဗိုင်းရပ်စ်ပိုး ပမာဏကို လျှော့ချနိုင်ဖို့ မီသိုင်းလင်းဘလူး (Methylene Blue) ကို တိုက်ကျွေးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် နို့ထုတ်လုပ်‌ရေးဝန်ကြီးဌာန (Ministry of Fisheries, Animal Husbandry & Dairying) က မီသိုင်းလင်းဘလူး ၀.၁% (ရေ တစ်လီတာလျှင် Methylene Blue SP တစ်ဂရမ်နှုန်း) ဖျော်စပ်ပြီး အသုံးပြုဖို့ အကြံပြုထားပါတယ်။ နွားကြီးတစ်ကောင်(အ‌လေးချိန်၃၅၀ ကီလိုဂရမ်ခန့်) ကို တစ်ကြိမ်လျှင် ၃၀၀ မီလီမီတာနှုန်းဖြင့် ၈ နာရီခြားတစ်ကြိမ် လေးရက်ဆက်တိုက် တိုက်ကျွေးရမှာဖြစ်ပါတယ်။ မီသိုင်းလင်းဘလူး ဖျော်ရည်ကို တိုက်ကျွေးရုံသာမက ပေါက်ထွက်လာတဲ့အကျိတ်အနာတွေကို ဖြန်းပက်ပေးရမှာဖြစ်ပါတယ်။ *သတိထားရမှာက မီသိုင်းလင်းဘလူး အသုံးပြုကုသထားတဲ့ တိရစ္ဆာန်ရဲ့ နို့ကို ၉၆ နာရီအတွင်း နဲ့ အသားကို ၁၄ ရက်အတွင်း လူတွေ စားသုံးခြင်းမပြုသင့်ပါဘူး။ ရောဂါကို ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များတွင် ဖြစ်တတ်တဲ့ အကျိတ်နာရောဂါကုသနည်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။