အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,160
လွန်ခဲ့သော ၇ နှစ် က · မတ္တရာ

နို့တစ်ပိသာအတွက် = 9.3MJME ဆိုတာက အစာပမာဏ 9.3kg ကိုပြောတာလားဗျာရှင်းပြပါအုံး

အာဟာရဗေဒ နွား

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

နို့၁ပိဿာထုတ်တိုင်း စွမ်းအင်ဓာတ် လိုအပ်မှု 9.3 MJME ရှိတာပါ။ အဲ့ဒီ လိုအပ်မှု 9.3 ကတော့ 1kgမှာရှိတာကိုပြောတာမဟုတ်ပါဘူး။ အထက်ကပြောတာ မှားသွားလို့ပါ။ ဘယ်အစာကို 1kg စားရင် စွမ်းအင်ဓာတ် ဘယ်လောက်ရမယ်ဆိုတာကသိရပါမယ်။ ဒါမှ ဘယ်အစာတွေကျွေးမှ နွားအတွက်လိုအပ်တဲ့ စွမ်းအင်ဓာတ်ပြည့်မလဲ သိမှာပါ။ ဥပမာထဲကလို နွားရဲ့ လက်ရှိအခြေအနေအရ လိုအပ်ချက်တွေမတူကြပါဘူး။ လိုအပ်ချက်တွေအကုန်တွက်ပြီး ကိုယ်ကျွေးတဲ့အစာတွေအားလုံးက ရနိုင့်မယ့် စွမ်းအင်ဓာတ်နဲ့ လောက်မလောက်ကြည့်ရမှာပါ။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

(MJME/KG) ဥပမာ - မြေပဲရိုးသည် 6.84 MJME/KG ဆိုတာ မြေပဲရိုး 1kgကျွေးလိုက်ရင် စွမ်းအင်ဓာတ် 6.84MJME ရမယ်။ နို့တစ်ပိဿာထုတ်နိုင်ဖို့အတွက် 9.3 MJME လိုအပ်တယ်ဆိုရင် နို့ 6 ပိဿာထွက်ရင် 9.3 ×6 = 55.8 MJME လိုအပ်မယ်။ ဒါက နို့ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏပဲရှိပါသေးတယ်။ ။

အတည်ပြုပြီး 29,123 လွန်ခဲ့သော ၇ နှစ် က

(MJME/KG) 9.3 MJME သည်ရ အစာ 1kg တွင်ရှိရမည့် ကိန်းဂဏန်း ပမာဏဖြစ်ပါတယ်။

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၇ နှစ် က

MJME ဆိုတာ ယူနစ်အသုံးအနှုန်းတစ်ခုပါ။ # အစာတစ်ခုတွင် ပါဝင်သောစွမ်းအင်ကို Megajoules (MJ) ဖြင့်ဖော်ပြပါတယ်။ # တိရစ္ဆာန်သည် အစာမှာပါဝင်သော စွမ်းအင်အားလုံးကို အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် ခန္တာကိုယ်မှ အမှန်တကယ်ရရှိသွားတဲ့ စွမ်းအင်ပမာဏ Metabolisable Energy (ME) ကိုတိုင်းတာဖို့လိုအပ်ပါတယ်။ # ဒါကြောင့် ခန္တာကိုယ်အတွက်အမှန်တကယ်ရရှိအသုံးချနိုင်မယ့်စွမ်းအင်ပမာဏကိုတိုင်းတာပြီး ယူနစ်အဖြစ် MJME လို့သတ်မှတ်ပါတယ်။ #ဥပမာ - အစာတစ်ခုစားလိုက်တယ်။ အဲ့အစာကို ခန္တာကိုယ်ဇီဝကမ္မဖြစ်စဉ်အရ အစာချေဖျက်လိုက်တဲ့အခါ သုံးနိုင်တာကိုသုံး ပြောင်းလဲယူနိုင်တာတွေယူပြီးရင် မရနိုင်တဲ့ အသုံးမချနိုင်တဲ့အပိုင်းတွေကို စွန့်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ဘယ်အစာကတော့ဖြင့် ကျွေးလိုက်ရင် ခန္တာကိုယ်က အမှန်တကယ်အသုံးပြုနိုင်တဲ့ စွမ်းအင် ဘယ်လောက်ပါလဲသိဖို့လိုအပ်ပါတယ်။ အသေးစိတ်ဆွေးနွေးချက်ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ https://greenwaymyanmar.com/questions-and-answers/%E1%80%94%E1%80%BD%E1%80%AC%E1%80%B8/2158

You

ဆက်စပ်မေးခွန်းများ

မတ္တရာဘက်မှာနို့စားနွားစီမံကိန်းတွေ နို့ဈေးကွက်တွေရှိပါသလားဗျာ

ဖြေကြားချက် 1 ခု

မြန်မာနိုင်ငံအပူပိုင်းဒေသမှာ အဆင်အပြေဆုံးအကောင်းဆုံးနို့စားနွားလေးတွေ ဝယ်ချင်လို့ ဘယ်လိုနွားမျိုးကအသင့်တော်...

ဖြေကြားချက် 2 ခု

ဖရီရှန်နွးမကို အိမ်မှာတစ်နိုင်တစ်ပိုင်စပြီးမွေးမြူမယ်ဆိုရင် နွားမတန်းများနဲ့စသင့်သလား နွားမကြီးများနဲ့စပြီး...

ဖြေကြားချက် 4 ခု

မွေးကင်းစနွားလေးတွေကို တစ်ခါတဲခွဲပီးနို့ကိုသတ်မှတ်စံနူန်းနဲ့တိုက်ရတာလား နွားမကြီးဆီမှာပဲ ၅ရက်လောက်သူ့အလိုလို...

ဖြေကြားချက် 1 ခု

ဇယားအရ MJME/Kg ရဲ့အောက်မှာကောက်ရိုးဆိုရင်5•40 ရှိပါတယ် အက်ဆို ကောက်ရိုး1kgကျွေးရင် 5.40MJME ရတာကိုဆိုလိုတာလား...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။