အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
36
လွန်ခဲ့သော ၇ လ က · မိုးညှင်း

ပန်းအာလူး မျိုး စနစ်တကျဘယ်လိုထားရမလဲ သိချင်ပါတယ် ကျေးဇူးပါ😊

စိုက်ပျိုးနည်း အာလူး အာလူးမျိုး

ဖြေကြားချက် ၂ ခု

36 လွန်ခဲ့သော ၇ လ က

ရေမဆေးရဘူးလားခင်ဗျာ တော်တော်များများ ရေးဆေးပီးအခြောက်ခံကြလို့ပါ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၇ လ က

၁️⃣ မျိုးရွေးချယ်မှု ရောဂါကင်း၊ ပိုးမထိခိုက်တဲ့ ဥတွေကိုသာရွေးပါ အလတ်စားအရွယ် (၄၀–၆၀ ဂရမ်ခန့်) က အကောင်းဆုံး အပေါက်၊ အပုပ်၊ အနာရှိတဲ့ဥတွေ ဖယ်ရှားပါ ၂️⃣ ခြောက်သွေ့အောင်ပြုလုပ်ခြင်း ခူးပြီးချင်း နေရောင်ပြင်းမထိဘဲ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ၇–၁၀ ရက်ခန့် ခြောက်သွေ့အောင်ထားပါ ၃️⃣ သိုလှောင်နေရာ အေးမြ (10–15°C) အမှောင် (အလင်းရင် အစိမ်းပြောင်းပြီး solanine တက်နိုင်) လေဝင်လေထွက်ကောင်း စိုထိုင်းမှု ၈၅–၉၀% ခန့်ကောင်းပါတယ် ၄️⃣ အစိမ်းမပြောင်းအောင်ကာကွယ်ပါ နေရောင်မထိအောင် အဝတ်မဲ၊ သစ်ရွက်ခြောက် နဲ့ဖုံးထားပါ အလင်း‌ေရာင်ဝင်ရင် အဆိပ်ဖြစ်နိုင်ပြီး၊ မျိုးအရည်အသွေးကျတတ်ပါတယ် ၅️⃣ ပိုး၊ မှို ကာကွယ်မှု သိုလှောင်မလုပ်ခင် Trichoderma (Iprodione လည်းဖျန်းနိုင်ပါတယ်) ၆️⃣ မကြာခဏစစ်ဆေးခြင်း ၁–၂ ပတ်တစ်ကြိမ် ပုပ်နေတဲ့ဥတွေတွေ့ရင် ချက်ချင်းဖယ်ပါ 👉 မဖယ်ရင် တခြားဥတွေပါ ပျက်စီးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အာလူးယခုလက်ရှိတောင်သူတွေအသုံးပြုစိုက်ပျိုးနေတဲ့ မျိုးသစ်နဲ့တောင်သူတွေအကြိုက်များတဲ့မျိုးတွေရှိရင်ပြောပြပေးပါဦး...

ဖြေကြားချက် 3 ခု

မြန်မာနိုင်ငံမှာ မည်သည့်ဒေသထွက် အာလူးက အကောင်းဆုံးပါလဲရှင့်။ကျေးဇူးပါရှင့်

ဖြေကြားချက် 3 ခု

အာလူးကိုဘယ်လိုဒေသတွေမှာစိုက်လို့ရပါသလဲလှည်းကူးဘက်မှာစိုက်လို့ရလားဘယ်ရာသီဥတုကိုပိုနှစ်သက်လဲကျေးဇူးပြု၍သိတဲ့သူ...

ဖြေကြားချက် 3 ခု

အာလူးကိုမြိတ်မြို့မှာစိုက်လို့ရပါလားနော်စိုက်တာသိပ်မတွေ့ရလို့စိုက်ရင်အာလူးကရှင်လားနော်သိပါရစေတကယ့်လက်တွေ့စိုက်...

ဖြေကြားချက် 0 ခု

အပင်စိုက်ဖို့အတွက် အသုံးပြုတဲ့ နွားချီး နဲ့ကြက်ချီးအစို ကိုဘယ်လိုအသုံးပြုကြလဲဗျ လုံးဝခြောက်သွေ​့ဆွေးမြေနေတဲ့...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။