အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
417
လွန်ခဲ့သော ၇ လ က · ပြည်

ခရမ်းချဉ်ပင် အိမ်စားဖို့စိုက်ထားတာပါ ဓာတုဆေး မသုံးပါဘူး အပင်သေ တွေ့ရှိရင်ချက်ချင်းနုတ်ပစ်ပါတယ် အသီးကွဲပြီးထိပ်...

ခရမ်းချဉ်ပင် အိမ်စားဖို့စိုက်ထားတာပါ ဓာတုဆေး မသုံးပါဘူး အပင်သေ တွေ့ရှိရင်ချက်ချင်းနုတ်ပစ်ပါတယ် အသီးကွဲပြီးထိပ်ပုပ်စွန်းတဲ့အသီးတေလည်း တွေ့ရပါတယ် နွားနို့နဲ့ ဆားခါးအားဆေးအဖြစ်ဖြန်းပါတယ် ၂ကြိမ်ရှိပါပြီ အပင်သေထပ်မတွေ့ပေမယ့် အသီးကွဲတာတွေ့နေပါသေးတယ် မြေဆွေးလည်းကျွေးပါတယ် ဘယများထပ်လုပ်ပေးရမလဲရှင့်

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၇ လ က

အပူချိန်ပြောင်းလဲမြန်တာကြောင့် အသီးတွေ ကွဲသလို ကယ်လဆီယမ်ဓာတ်ချို့တဲ့လို့လည်း အသီးတွေ ကွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်တာကတော့ ထိန်းချုပ်ဖို့ခက်ပါတယ်။ မြေဖုံးပင် (အောက်ခြေမှာပဲ ကပ်ပေါက်တဲ့ မြေပဲရိုင်းအမျိုးအစား) စိုက်ပေးရင်တော့ မြေကြီးရဲ့ အပူချိန်ကို ညှိပေးနိုင်လို့ သက်သာနိုင်ပါတယ်။ အဟာရပိုင်းအနေနဲ့က ကယ်ဆီယမ်ဓာတ်ရအောင် ငါးအမိုင်နိုအက်ဆစ် သို့မဟုတ် ရွက်ဖျန်းအားဆေး ဖျန်းပေးနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

၂လပိုင်းကုန်ခါနီးစိုက်မှာပါ အပူချိန်ရောက်ရင် မသီးတော့ဘူပြောနေကျလို့ ၁၁၁မျိုးပါ ဘာတေလုပ်ဆောင်ထားရပါမလဲ

ဖြေကြားချက် 1 ခု

ခရမ်းချဉ်သီအပင် စိုက်ပျိုးခြင်းနှင့် အပင်အတွက်လိုအပ်သည့်လုပ်ဆောင်မှု့များအားသိချင်ပါသည်

ဖြေကြားချက် 1 ခု

ပိုးသတ်ဆေး၊မှိုဆေးတွေမှာဆေးမှုန့်နဲ့ဆေးရည်ဘယ်အရာကပိုပြီးအားပြင်းပါသလဲ၊ဘယ်အခြေနေမှာဆေးရည်သုံးသင့်ပီးဘယ်အခြေနေ...

ဖြေကြားချက် 1 ခု

ခရမ်းချဉ်စစိုက်ခြင်လို် နည်းလမ်းလေးပြောပြပါအုန်း

ဖြေကြားချက် 3 ခု

ကျွန်တော့်ခရမ်းချဥ်ပင်တွေ အပွင့်လိုက်မှ ဘာဖြစ်တာမှန်းမသိဘုး အပင်တွေ သေကုန်လို့ သိတဲ့ ဆရာများ အကြံဉာဏ်ပေးကြပါ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။