အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
646
လွန်ခဲ့သော ၇ လ က · ပဲခူး

တင်လဲရည်ဘယ်မှာ၀ယ်လို့ရနိုင်မလဲ သိချင်လို့ပါ

အပင်အာဟာရ ပြောင်း

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၇ လ က
ဤအဖြေဖြင့် ပြေလည်

ဘယ်မှာဝယ်လို့ရမလဲမသိပေမယ့် ကိုယ်တိုင်ပြုလုပ်နည်းတော့မျှဝေပေးလိုက်ပါမယ်ဗျ တင်လဲရည် အလွယ်တကူရှာမရ ဝယ်လို့မရပါက အိမ်မှာအလွယ်လုပ်နိုင်တဲ့နည်းလမ်းလေးဖော်ပြ ပေးလိုက်ပါတယ်။ ဒီနည်းလမ်းမှာ အဓိကလိုအပ်တာကတော့ ကြံကြိတ်ထားသော အရည် (ကြံရည်)၊ မီးဖို စတာတွေပဲလိုအပ်မှာဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ ကြံ ‌ရည်ဆိုင်မှာ ကြံရည် မိမိလိုအပ်သလောက်ဝယ်ပါ။ (ခန့်မှန်း ၃ခွက်တစ်ခွက်ပဲတင်နိုင်)။ ရလာတဲ့ ကြံရည်ကို အိုးထဲ ထည့် ပြီး မီး‌အေးအေးဖြင့်ကြိုပေးပါ။ ကြံရည်ကို ‌ညောင်စေးကျတဲ့ အထိကျိုပေးပါ။ အချိန် အားဖြင့် ၂နာရီခွဲက နေ ၃ နာရီလောက်ကြာနိုင်ပါတယ်။ ကြိုနေစဥ် ကြံမြှုပ်လေးတွေတက်လာပါက ခပ်ထုတ်ပေးပါ။ ကြံအမြှုပ်ကို ကြံမြှုပ်ချေးအဖြစ်စိုက်ခင်းတွေမှာပြန်သုံးနိုင်ပါတယ်။ သကာရည်များ အရမ်းမစေးရန်နှင့် မခဲ စေရန် အတွက် အိုးချခါနီး ရေတခါလောက် ထည့်ပြီးကြိုပေးပါ။ ဆူလာပါက အအေးခံပါ။ ထို့နောက်ပုလင်း/ဘူး တွေမှာ ၁ နှစ် အထိ သိမ်းဆည်းထားနိုင်ပါတယ်။

646 လွန်ခဲ့သော ၇ လ က

ကျေးဇူးပါဗျ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။