အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
523
လွန်ခဲ့သော ၆ လ က · စစ်ကိုင်း

အစိမ်းရောင်လမ်း မှစိုက်ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်သောအကြောင်းအရာများလိုင်းပေါ်မှာတွင်ကျယ်...

အစိမ်းရောင်လမ်း မှစိုက်ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်သောအကြောင်းအရာများလိုင်းပေါ်မှာတွင်ကျယ်စွာမတွေ့ရပါ ကျွန်တော်တို့နယ်ဘက်မှာမြေအမျိုးစားအလိုက်၂၀မှအမြင့်ဆုံး၄၀အထိဘဲထွက်ပါတယ် မျိူးစေ့၃တင်းအသုံးပြုပါတယ်သွင်းအားစုအနေနဲ့မျိုးစေ့ချချိန်မှာပုလဲအိပ်ဝက်၁၅လည်အိပ်ဝက်မျိုးစေ့နှင့်တပါတည်း၇သွားစိုက်ထွန်ဖြင့်စိုက်ပျိုးပါတယ် ၂၅ရက်သားမှာပုလဲ၁လုံး၁၅လည်အိပ်ဝက်ရေသွင်းချိန်မှာထပ်ထည့်ပါတယ် ၅၀ရက်သားမှာဒတိယအကြိမ်ရေထပ်သွင်းပါတယ့် မေးခွန်းအနေနဲ့ မျိုးစေ့တွေက၂၀၀၀ခုှနစ်လောက်ကတည်းကသုံးခဲ့တဲ့စစ်ကိုင်မြို့နယ်စိုက်ရုံးကသုံးခဲ့တဲ့ဂျုံဖြူဂတုံးအထွက်တိုးပါမျိုးစေ့များအိုမင်းလှပြိဖြစ်ပါသဖြင့်မျိုးစေ့အသစ်တွေသုံးချင်ပါတယ် ဘယ်လိုမျိုးစေ့တွေသုံးရမလဲ ဘယ်မျိုးတွေကအထွက်အကောင်းဆုံးလဲ F1မျိုးတွေရှိလား ဘယ်မှာဝယ်ယူရရှိနိင်မလဲ ပိုမိုကောင်းမွန်တဲ့စိုက်ပျိုးနည်းစနစ်တွေ မြေဩဇာ ကျွေးနည်းတွေသိချင်ပါတယ်ခင်ဗျ

စိုက်ပျိုးနည်း ဂျုံ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

ပထမဦးဆုံး မျိုးစေ့က နှစ်တွေအကြာကြီး စိုက်ရင် ဗီဇအရည်သွေးကျဆင်းသွားနိုင်တာကြောင့် သွေးသစ်လောင်းပေးဖို့လိုအပ်ပါတယ်။ ဂျုံမျိုးစေ့အနေနဲ့ကတော့ လက်ရှိမှာ ကုမ္ပဏီတွေကို F1 မျိုးထုတ်ပြီး ဖြန့်ဖြူးတာမျိုး မတွေ့မိသေးပါဘူးဗျ။ (ကျွန်တော်မသိတာလည်း ဖြစ်နိုင်သလို စိုက်ဧက နည်းတာကြောင့်လည်း ပါနိုင်ပါတယ်)။ ရေဆင်းကနေတော့ အထွက်တိုးမျိုးတွေ ထုတ်ပါတယ်။ ရေဆင်းဂျုံ ၁၂ မျိုးကိုတော့ မှာယူစိုက်ပျိုးသင့်ပါတယ်။ ရေဆင်းစိုက်သု သို့မဟုတ် နီးစပ်ရာ စိုက်ပျိုးရေးဌာနကို မေးမြန်းနိုင်ပါတယ်ဗျ။ သက်လျင်အထွက်ကောင်း ဂျုံမျိုးသစ်(ရေဆင်းဂျုံ - ၁၂) ဂျုံစိုက်ပျိုးနည်းလေးလည်း လေ့လာရအောင် မျှဝေပေးလိုပါတယ် ဂျုံ အထွက်နှုန်းမြင့်အောင်စိုက်နည်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။