အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
22
လွန်ခဲ့သော ၆ လ က · မြစ်ကြီးနား

မြစ်ကြီးနားမြို့ရဲ့ မိုးတွင်းကာလမှာစမုံစပါးကို မျိုးစေ့အောင် အမြစ်သန်တဲ့အထိ စိုက်လို့ရနိုင်လားရှင်ဆောင်းတွင်း...

မြစ်ကြီးနားမြို့ရဲ့ မိုးတွင်းကာလမှာစမုံစပါးကို မျိုးစေ့အောင် အမြစ်သန်တဲ့အထိ စိုက်လို့ရနိုင်လားရှင်ဆောင်းတွင်းမှာပဲစိုက်နေကြမို့ အခုလာမဲ့မိုးတွင်းကိုစျေးကောင်းရအောင် ကြိုးစားကြည့်ချင်လို့ပါ မျိုးစေ့စျေးလည်း ဒီနှစ်ကမြင့်တော့ ရမ်းမလုပ်ရဲလို့ ဆရာများလမ်းညွှန်ပေးကြပါဦးရှင် မိုးတွင်းကာလကို တဲထိုးပြီးစိုက်မှာပါ

စိုက်ပျိုးနည်း စမုံစပါး စမုန်စပါး စိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

349,542 လွန်ခဲ့သော ၆ လ က

မြစ်ကြီးနားဒေသမှာ မိုးတွင်းစမုန်စပါး စိုက်ဖို့ဆိုရင် အဓိက အခက်အခဲက 'အစိုဓာတ်လွန်ကဲမှု' ပါပဲ။ စမုန်စပါးက ရေဝပ်တာကို လုံးဝမခံနိုင်တဲ့အပြင် မိုးများရင် အမြစ်ပုပ်ရောဂါနဲ့ မှိုရောဂါတွေ အလွယ်တကူ ကျရောက်တတ်ပါတယ်။ တကယ်လို့ မိုးတွင်းမှာ အစေ့အောင်တဲ့အထိ စမ်းသပ်စိုက်ပျိုးချင်တယ်ဆိုရင်တော့ - ၁။ ရေနုတ်အား အလွန်ကောင်းတဲ့ ဘောင်မြင့်မြင့် တွေနဲ့ စိုက်ပါ။ ၂။ မိုးဒဏ်ကို တိုက်ရိုက်မထိအောင် မိုးကာအမိုးအောက် မှာ စိုက်ပျိုးတာက ပိုပြီးသေချာပါတယ်။ ၃။ မျိုးစေ့မချခင်မှာ မှိုသတ်ဆေးနဲ့ သေချာလူးနယ်ပေးဖို့ လိုအပ်ပြီး၊ ပန်းပွင့်ချိန်မှာ မိုးမိရင် အစေ့မအောင်ဘဲ ပုပ်သွားနိုင်တာကိုတော့ အထူးသတိပြုစေချင်ပါတယ်ခင်ဗျာ။ စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင်တော့ မစိုက်ပျိုးသင့်ပါ၊စမ်းသပ်မယ်ဆိုရင်လည်းအနည်းငယ်ကစပြီးစမ်းသပ်ကြည့်ဖို့အကြံပြုပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။