ဖြေကြားချက် ၁ ခု
၁။ ဈေးကွက်အလားအလာကောင်းသော သီးနှံများ ကော်ဖီ (Coffee): ရေရှည်အလားအလာအကောင်းဆုံး ဥယျာဉ်ခြံသီးနှံဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် ဈေးကောင်းရရှိနေသည်။ ထောပတ်သီး (Avocado): နိုင်ငံတော်မှ အားပေးမြှင့်တင်နေသည့် ပြည်ပပို့ကုန်သီးနှံဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်နိုင်သည်။ ပဲတီစိမ်း (Green Gram): သက်လျင်အထွက်ကောင်းမျိုးများ ပေါ်ပေါက်လာသဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ပြည်ပဝယ်လိုအား မြင့်မားသည်။ ပဲလွမ်း (Cowpea): အမေရိကန်ပဲလွမ်းဖြူမျိုးများသည် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဈေးကွက်ဝင်သည်။ ပြောင်းဖူး (Maize): စိုက်ပျိုးရေးနည်းပညာနှင့် မျိုးစေ့ထုတ်လုပ်မှုတိုးတက်လာသဖြင့် ရွှေရောင်အလားအလာရှိသော သီးနှံဖြစ်သည်။ နှမ်းနက် (Black Sesame): မျိုးကောင်းမျိုးသန့်များ သုတေသနပြုထုတ်လုပ်နေပြီး တန်ဖိုးမြင့်သီးနှံဖြစ်သည်။ နေကြာ (Sunflower): ပန်းတိုင်အထွက်ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်မှုကို အလေးပေးစိုက်ပျိုးနေသည်။ Facebook
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နွေစပါးခင်းဒီလိုဖြစ်နေတာဆရာ လောလောဆယ် အဆီဖိတ်နဲ့စုတ်ဖွားတွဲဖြန်းထားတယ်
ဖြေကြားချက် 1 ခု
ဒီဇယ်ဈေးကြီးလို့မိုးစပါးကိုမထွန်မယက်ပဲစိုက်ပျိုးနိုင်တဲ့နည်းလမ်းများရှိရင်သိချင်ပါတယ်ဆရာ
ဖြေကြားချက် 3 ခု
နွေစပါးခင်း အရွက်လေးတေရဲပီးခြောက်နေလို့ ဖလံဖြူလေးတေလဲတွေ့တယ် လောလောဆယ်တော့အဆီဖိတ်နဲ့ စုတ်ဖွားတွဲဖျန်းထားတယ် အ...
ဖြေကြားချက် 2 ခု
စိုက်ပျိုးရေးထုတ်ကုန်များနှင့်စပ်လျဉ်း၍ ဈေးကွက်ဆိုင်ရာအချက်အလက်များ၊ ကုန်ဈေးနှုန်းများ၊ ဈေးကွက်ဝယ်လိုအားရှိသော...
ဖြေကြားချက် 3 ခု
မင်္ဂလာပါရှင် Green Way က စိုက်ပျိုးရေးသင်တန်းသူ မဟေမာလင်းပါရှင် Green Way မှ စီစဉ်ပေးသော စိုက်ပျိုးရေးသင်တန်း...
ဖြေကြားချက် 2 ခု