အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phu Maw Daw
Phu Maw Daw 267
လွန်ခဲ့သော ၆ လ က · ဟင်္သာတ

ပဲတီးစိမ်းမျိုးတွေးက ဘယ်လိုကွာလဲ ရွှေဝါ ဆီးပြောင် ရေဆင်း ရေဆင်းအစစ ဘယ်လိုကွာခြားလဲ ဘယ်လိုကွဲပြာလဲသိချင်တယ် ဘယ်ကထွက်နှုန်းသာပြီး ပွဲစားကဘာကိုပို့ကြိုက်လဲသိချင်လို့ မြေကသဲမြေဆိုတော့ ဘယ်မျိုးနဲ့လိုက်ဖက်လဲ သိပါရစေ....

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၇၅ ရက်
စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း

ဖြေကြားချက် ၂ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,122,689 လွန်ခဲ့သော ၆ လ က

ပဲတီစိမ်း မျိုးတွေက အများကြီးပါ။ အခုမေးထားတဲ့ ပဲတီရွှေဝါ ဆိုတာက ခရမ်းသုံးခွမှာ စိုက်တဲ့မျိုးပါ။ ဆီပြောင်မျိုး ဆိုတာက၊ရေဆင်း-၁၆/ရေဆင်း-၁၇စတဲ့ ရေဆင်း သုတေသန ထုတ်မျိုးတွေဖြစ်ပါတယ်။ဧရာဝတီတိုင်းမှာ ရေဆင်းမျိုးတွေ စိုက်လို့ရပါတယ်။ ပွဲစားကတော့ အလုံးညီ၊အရောင်လှရင်ကြိုက်တာပါပဲ။ မျိုးကောင်း၊အထွက်ကောင်း၊အရည်သွေးကောင်းဖို့လိုတာပါ။

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,992 လွန်ခဲ့သော ၆ လ က

ပဲဒီစိမ်းမျိုးတွေကွာချားချက်မှာအရောင်အဆင်းအနေနဲ့အဝါရောင်အစိမ်းအနုအရင့်အညိုစသည်ကွာပြီးအရွယ်အစားမှာလဲ အကြီးအသေးအလတ်ဆိုပြီးကွာသလိုသက်တန်းလည်းအနဲယေ်ကွာချားတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ယခုနှစ်မှဘဲပဲတီစစိုက်ဖူးတာပါ၊ပဲတီမှာဘယ်လိုဖျက်ပိုးနှင့်ရောဂါများကျရောက်တတ်ပါသလဲ၊ဘယ်ဆေးAI တွေကိုအဓိကထားပီးသုံး...

ဖြေကြားချက် 2 ခု

ဆရာသမားတို့ရေ ဆေးတွေသုံးရတာကြာတော့ပိုးကမဖြုံတော့ပါဘူး အကြံညာဏ်တောင်းချင်တာက ဆေးနူန်းထားတွေကိုမြင့်သုံးရမလား...

ဖြေကြားချက် 4 ခု

အရွက်မှာအပေါက်လေးတွေကဘာပိုးခေါတာလည်းဗျ ဘာဆေးဖျန်းသင့်လည်းဗျ ၁၅ရက်သားပါဗျ

ဖြေကြားချက် 4 ခု

ပဲတီပင် အဝါပြောက်တွေ ဖြစ်တာ ဘာကြောင့်လဲ... ရှေ့ဆက် အဝါပြောက်တွေ တိုးမလာအောင် ဘာဆေးဖျန်းပြီး ကာကွယ်သင့်လဲ......

ဖြေကြားချက် 2 ခု

ကျတော်တို့ရဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့မေးခွန်းတွေကို အဓိကဖြေပေးနေတာက စိုက်ပျိုးရေးပညာရှင်လား AIလားဗျာ

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။