အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,135
လွန်ခဲ့သော ၅ လ က · ပေါက်ခေါင်း

ဆရာတို့ခင်ဗျာ..ကျွန်တော်စိုက်ပျိုးထားတဲ့ခဝဲ...ပုံမှာပြထားတဲ့အတိုင်းဖြစ်နေတယ်..ဘယ်လိုပြုပြင်ရမလဲပြောပေးပါဦး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၀ ရက်
ပိုးမွှားရောဂါ ခဝဲသီး
Post image

ဖြေကြားချက် ၄ ခု

3,135 လွန်ခဲ့သော ၅ လ က

ကျေးဇူးတင်ပါတယ်

348,301 လွန်ခဲ့သော ၅ လ က

သခွားစိုက်တဲ့ ခင်းတွေမှာ အဖြစ်များနေတဲ့ ရွက်တွန့်အဝါရောင်ဗိုင်းရပ်စ် (SLCV) ကျနေတာပါ။ဒီရောဂါက ဖြစ်ပြီးရင် ကုသဖို့ ဆေးမရှိတာကြောင့် "မဖြစ်ခင်က ကာကွယ်ပါ" ဆိုတဲ့အတိုင်း အဓိက လက်သည်ဖြစ်တဲ့ ယင်ဖြူ ကို ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုပါတယ်။တစ်ရာသီနဲ့ တစ်ရာသီကြားမှာ ဖရုံမျိုးနွယ်ဝင် သီးနှံတွေ စိုက်တာကို ခေတ္တနားပေးပါ။ ဒါမှ ယင်ဖြူတွေ အစာပြတ်ပြီး မျိုးဆက်ပြတ်သွားမှာပါ။ ငွေရောင်ပလတ်စတစ်အုပ်ပေးတာဟာ ယင်ဖြူတွေကို မျက်စိလည်စေပြီး အပင်ပေါ်မနားနိုင်အောင် ဟန့်တားပေးပါတယ်။အပင်ငယ်စဉ်မှာ အရွက်တွေ ထူပြီး လိပ်နေပြီဆိုရင် နှမြောမနေပါနဲ့၊ ချက်ချင်းနှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မြေမြှုပ်ဖျက်ဆီးပစ်ပါ။ဆေးဖျန်းတော့မယ်ဆိုရင် ဆေးယဉ်ပါးမှုမဖြစ်အောင် အုပ်စုအလိုက် လှည့်ဖျန်းဖို့ အရေးကြီးဆုံးပါပဲ။ပင်လုံးပျံ့အာနိသင်ရှိတဲ့ Imidacloprid (သို့) Thiamethoxamကို အသုံးပြုပြီး ကာကွယ်ပါ။ယင်ဖြူကနေ ဗိုင်းရပ်စ်မကူးအောင် အစာစားတာကို ချက်ချင်းရပ်တန့်စေတဲ့ Pymetrozine လို ဆေးမျိုးကို သုံးသင့်ပါတယ်။အကောင်ကြီးတင်မကဘဲ ဥတွေကိုပါ သေစေဖို့ Spiromesifen (Group 23ကို ဖျန်းပေးလို့လည်းရပါတယ်ခင်ဗျာ။ မိမိစိုက်ခင်းထဲ ယင်ဖြူ ဘယ်လောက်ဝင်နေပြီလဲဆိုတာ သိဖို့ အဝါရောင်‌ ကော်စေးကပ်ပြားတွေ ထောင်ထားပါ။အရွက်တစ်ရွက်မှာ ယင်ဖြူ အကောင်ကြီး ၃ ကောင်ကနေ ၅ ကောင်လောက် တွေ့ပြီဆိုရင်တော့ ဆေးဖျန်းနှိမ်နင်းဖို့ လိုပါပြီ။ယင်ဖြူဟာ ဗိုင်းရပ်စ်ကို တစ်သက်လုံး သယ်ဆောင်သွားနိုင်တဲ့အတွက် အပင်တွေ ရောဂါမရခင်ကတည်းက စနစ်တကျ ကာကွယ်ဖို့ တိုက်တွန်းလိုပါတယ်။ ဤအဖြေဖြင့်ပြေလည်ပါက ဤအဖြေဖြင့် ပြေလည်သည်လို့သတ်မှတ်ပေးနိုင်ပါသည်။

3,135 လွန်ခဲ့သော ၅ လ က

ဟုတ်ကဲ့..စုတ်စားပိုးသတ်ဆေးဘာဆေးဖျန်းသင့်လဲ

43 လွန်ခဲ့သော ၅ လ က

စုတ်စားပိုးကျနေတယ်ထင်တယ် စုတ်စားပိုးဆေးဖျန်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။